မာတိကာဆီ ကျော်သွား

ဇွန် ၂၂၊ ၂၀၁၈
ရုရှား

လူတွေ့မေးမြန်းခန်းများ– ရုရှားနိုင်ငံ၊ အူဖာမြို့မှာ ရဲတွေ ဝင်ရောက်စီးနင်းမှုကို ညီအစ်မ ငါးယောက် ပြောပြ

လူတွေ့မေးမြန်းခန်းများ– ရုရှားနိုင်ငံ၊ အူဖာမြို့မှာ ရဲတွေ ဝင်ရောက်စီးနင်းမှုကို ညီအစ်မ ငါးယောက် ပြောပြ

၂၀၁၈၊ ဧပြီ ၁၀၊ နံနက်စောစောမှာ စုံစမ်းစစ်ဆေးရေးသမားတွေနဲ့ မျက်နှာဖုံးတပ် လက်နက်ကိုင် အထူးရဲတပ်ဖွဲ့ဝင်တချို့က ရုရှားနိုင်ငံ၊ ဘာရှကိုတိုစတန်မြို့တော် အူဖာမြို့က ယေဟောဝါသက်သေအိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတယ်။ အာဏာပိုင်တွေက ညီအစ်ကို အနာတိုလီ (တိုယာ) ဗီလစ်ကေဗစ်ကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်ထားကြတယ်။ တိုယာရဲ့ဇနီး အပါအဝင် အူဖာမြို့က ညီအစ်မငါးယောက်က ဝင်ရောက်စီးနင်းမှုကြောင့် ထိခိုက်ခဲ့ပုံကို ပြန်ပြောပြကြတယ်။