မာတိကာဆီ ကျော်သွား

မေ ၃၊ ၂၀၁၈
ရုရှား

ယေဟောဝါသက်သေများ အယူခံဝင်မှု ရှုံးနိမ့်သွားရာ ယခင် ဌာနခွဲရုံး မြေအိမ်ရာအဆောက်အဦတွေကို ရုရှားအာဏာပိုင်တွေ သိမ်းယူခွင့် ရရှိ

ယေဟောဝါသက်သေများ အယူခံဝင်မှု ရှုံးနိမ့်သွားရာ ယခင် ဌာနခွဲရုံး မြေအိမ်ရာအဆောက်အဦတွေကို ရုရှားအာဏာပိုင်တွေ သိမ်းယူခွင့် ရရှိ

၂၀၁၈၊ မေ ၃၊ ကြာသပတေးနေ့မှာ စိန့်ပီတာစဘတ်မြို့တော် တရားရုံးက ၂၀၁၇၊ ဒီဇင်ဘာလတုန်းက စီရင်ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တဲ့အတွက် ဆိုနီချနာယာမြို့မှာရှိတဲ့ ယခင် ဌာနခွဲ မြေအိမ်ရာအဆောက်အဦတွေကို ရုရှားအစိုးရက ချက်ချင်း သိမ်းယူခွင့် ရသွားပါတယ်။

ရုရှားအစိုးရ မြေအိမ်ရာအဆောက်အဦ သိမ်းယူမှုကို ကျွန်တော်တို့ မတားဆီးနိုင်ပေမဲ့ ဒီနေ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ဆီ တင်ပြထားပါတယ်။ ECHR ကလည်း သုံးသပ်နေပါပြီ။ ကျွန်တော်တို့ရဲ့ တင်ပြမှုကို ECHR က ဦးစားပေးကိစ္စအဖြစ် သုံးသပ်နေကြောင်း ရုရှားအစိုးရဆီ ဆက်သွယ် အသိပေးထားပါပြီ။

တရားမျှတတဲ့ ယေဟောဝါဘုရားက ကိစ္စရပ်တွေကို သင့်လျော်တဲ့အချိန်မှာ တည့်မတ်ဆောင်ရွယ်ပေးမယ်လို့ ကျွန်တော်တို့ ဆက်မျှော်လင့်နေကြပါတယ်။—ဟေရှာယ ၃၀:၁၈