မာတိကာဆီ ကျော်သွား

ညီအစ်ကို အိုလက် ဆီရော့ကင်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက
ရုရှား

“သိပ်အရေးကြီးတဲ့အလုပ် လုပ်နေရပါလား”

“သိပ်အရေးကြီးတဲ့အလုပ် လုပ်နေရပါလား”

တာမ်ဘော့ဗ်ဒေသ၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အိုလက် ဆီရော့ကင်ရဲ့ အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ ပြစ်ဒဏ်ကို မတင်ပြသေးပါ။

ကိုယ်ရေးအကျဉ်း

အိုလက်ရဲ့ ပုံသက်သေက ယေဟောဝါအပေါ် ခိုင်မာတဲ့ယုံကြည်ခြင်းရှိသူဟာ “သတင်းဆိုးတွေကို သူမကြောက်ဘူး။ သူ့စိတ်ဟာ မယိမ်းယိုင်ဘဲ ယေဟောဝါကို ယုံကြည်ကိုးစားတယ်” ဆိုတဲ့ စကားကို သတိရစေပါတယ်။—ဆာလံ ၁၁၂:၇

အချိန်ပြဇယား

  1. မတ် ၂၀၂၁

    တိတ်တဆိတ် စောင့်ကြည့်ခံရတယ်။ အိုလက်ရဲ့ ဧည့်ခန်းမှာ အသံသွင်းစက်ကို လာဝှက်ထားကြပြီး ကွန်ပျူတာနဲ့ အိုလက် ဘာတွေ လုပ်နေသလဲဆိုတာကိုလည်း စစ်ဆေးကြတယ်။

  2. စက်တင်ဘာ ၁၄၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲတယ်။

  3. စက်တင်ဘာ ၂၁၊ ၂၀၂၁

    နေအိမ်ကို ဝင်ရောက်ရှာဖွေတယ်။ ကွန်ပျူတာနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိမ်းဆည်းသွားပြီး သက်သေအဖြစ် တင်သွင်းကြတယ်။

  4. အောက်တိုဘာ ၂၂၊ ၂၀၂၁

    ကားကို သိမ်းလိုက်ကြတယ်။

  5. ဧပြီ ၁၁၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။