မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ်ကို မဖမ်းဆီးခင်က။ အတွင်းပုံ– အမှုစစ်ချိန်အတွင်း တရားရုံး အချုပ်ခန်းထဲမှာ ဒီမီထရီကို တွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက်
ရုရှား

အကျဉ်းဖော်နဲ့ ကျမ်းစာ ဆွေးနွေးလို့ ဒီမီထရီ ထရီဘီလို့ဗ်ကို ပြစ်မှုနဲ့ တရားစွဲ

အကျဉ်းဖော်နဲ့ ကျမ်းစာ ဆွေးနွေးလို့ ဒီမီထရီ ထရီဘီလို့ဗ်ကို ပြစ်မှုနဲ့ တရားစွဲ

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀ ရက်မှာ ရုရှားအာဏာပိုင်တွေက ညီအစ်ကို ဒီမီထရီ ထရီဘီလို့ဗ်ကို ပြစ်မှုအသစ်တစ်ခုနဲ့ တရားစွဲတယ်။ တကယ်တော့ သူဟာ ဘာသာရေးခံယူချက်ကြောင့် ၂၀၂၁၊ စက်တင်ဘာလကတည်းက အကျဉ်းကျနေတာပါ။ အကျဉ်းဖော်နဲ့ ကျမ်းစာဆွေးနွေးလို့ဆိုပြီး ထောင်ကျနေတဲ့ ယေဟောဝါသက်သေတစ်ဦးကို ပြစ်မှုနဲ့ အခုလို တရားစွဲတာဟာ ၂၀၁၇ ခုနှစ်၊ တရားရုံးချုပ်ရဲ့ ပိတ်ပင်မှုနောက်ပိုင်းမှာ ဦးဆုံးအကြိမ်ပါပဲ။ ဒီစွဲချက်အသစ်တွေနဲ့ ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင် ဒီမီထရီဟာ လက်ရှိထောင်ဒဏ်သုံးနှစ်အပြင် နောက်ထပ်ရှစ်နှစ် ထောင်ကျပါမယ်။

ရုရှားမှာ နှိပ်စက်ညှဉ်းပန်းမှု ပိုပြင်းထန်လာတာနဲ့အမျှ ယေဟောဝါကလည်း ရုရှား ညီအစ်ကို/မတွေကို “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၂ ကောရိန္သု ၄:၇