ဧပြီ ၁၇၊ ၂၀၁၈
ရုရှား
ယေဟောဝါသက်သေများရဲ့ ရုံးချုပ်ကို ရုရှားအစိုးရ သိမ်းယူထားတဲ့အတွက် အယူခံမှုကို ကြားနာမယ်
ရုရှားနိုင်ငံ ယေဟောဝါသက်သေများရဲ့ ရုံးချုပ် သိမ်းယူဖို့ စီရင်ဆုံးဖြတ်ချက်အတွက် အယူခံမှုကို ၂၀၁၈၊ မေ ၃ ရက်နေ့ကျရင် စိန့်ပီတာစဘတ်မြို့တော် တရားရုံးမှာ ကြားနာပါမယ်။ ဒီအယူခံမှုမှာ ယေဟောဝါသက်သေတွေ ရှုံးနိမ့်သွားခဲ့ရင် မြေနဲ့ အဆောက်အဦတွေကို နိုင်ငံတော်က ချက်ချင်း သိမ်းယူသွားနိုင်ပါတယ်။
ယေဟောဝါသက်သေများရဲ့ ရုံးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း (WTPA) က ပိုင်ဆိုင်ကြောင်း အထောက်အထားကို ဆက်စထရိုရက်စကီ ခရိုင်တရားရုံးက လျစ်လျူရှုခဲ့ပါတယ်။ ဒီမြေနဲ့ အဆောက်အဦအတွက် WTPA က ပိုင်ဆိုင်ခဲ့တာ၊ အခွန်ဆောင်ခဲ့တာ ၁၇ နှစ် ရှိပါပြီ။ ဒါပေမဲ့ WTPA ရဲ့ ပိုင်ဆိုင်မှုစာချုပ် တရားမဝင်ကြောင်း ခရိုင်တရားရုံးက ဒီဇင်ဘာ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အယူခံမှုကို ယေဟောဝါသက်သေတွေ ရှုံးနိမ့်သွားခဲ့ရင်၊ ရုရှားနိုင်ငံအတွင်း တရားရေးရာအားလုံး လုပ်ဆောင်ပြီးသွားရင် ဒီမတရားမှုကို ဥရောပလူ့အခွင့်အရေးရုံးဆီ တင်ပြကြပါမယ်။
ရုရှားနိုင်ငံ၊ အူလ် ဘေဆေနေညာ ၆ လမ်းရှိ စိန့်ပီတာစဘတ်မြို့တော် တရားရုံးမှာ မေ ၃ ရက်နေ့၊ မနက် ၁၁:၃၀ နာရီ ကျရင် စတင်ကြားနာပါမယ်။