မာတိကာဆီ ကျော်သွား

မတ် ၁၊ ၂၀၁၈
ရုရှား

အို​ရွိုလ်​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို ၂၀၁၈၊ ဧပြီ ၃ ရက်မှာ ဆက်​စစ်ဆေးမယ်

အို​ရွိုလ်​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို ၂၀၁၈၊ ဧပြီ ၃ ရက်မှာ ဆက်​စစ်ဆေးမယ်

၂၀၁၈၊ ဖေဖော်ဝါရီ ၁၉ ရက်​နေ့​က အို​ရွိုလ်​မြို့၊ ရှ​လက်​ဇ​နာ ဒရော်​ဇ​က်​ဇ​နီ ခရိုင်​တရားရုံးမှာ ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စတင် အမှုစစ်ဆေး​ပါပြီ။ မစ္စတာ ခရစ်​တန်​ဆန်​ကို ထောက်ခံ​အားပေး​ကြ​သူများစွာ တရားရုံး​ကို ရောက်​လာကြတယ်။ အဲဒီ​အထဲမှာ ဒိန်းမတ်​သံရုံး​က ကောင်စစ်ဝန် ဂျင်း ခရစ္စတီးနား ဒမီ​ရ​စီ​လည်း ပါတယ်။ အမှု ကြားနာ​ဖို့ မော်​စ​ကို​ကို ရောက်​လာတာပါ။ တစ်​နာရီ​ကြာ အမှုစစ်ဆေး​ချိန်​အတွင်း မစ္စတာ ခရစ်​တန်​ဆန်​နဲ့ ရှေ့နေ​တွေ​က အမှုကို အချိန်​ယူ​ကြားနာ​ပေးဖို့ တောင်းဆိုတဲ့​အတွက် တရားသူကြီး အ​လက်​စီ ရီ​နာ​ဗ်​က ခွင့်ပြု​လိုက်တယ်။ အမှု​မ​စစ်​ခင် ဆို​ဗက်​စ​ကီး ခရိုင်​တရားရုံး​က ချေပခွင့် လုံးဝ မပေးခဲ့​ဘူး။ ရုရှား​စကားနဲ့ ရေးထားတဲ့ စွဲချက် စာမျက်နှာ ၂,၅၀၀ ကို ကြည့်ဖို့ နှစ်ပတ်​ခွင့်ပြု​ပေးခဲ့တယ်။ အမှုကို ၂၀၁၈၊ ဧပြီ ၃ ရက်၊ ၁၀:၃၀ နာရီ​မှာ ဆက်​ကြားနာ​ဖို့ တရားသူကြီး ရီ​နာ​ဗ် ဆုံးဖြတ်ခဲ့တယ်။ လောလောဆယ်​တော့ မစ္စတာ ခရစ်​တန်​ဆန်​ကို ဆက်လက် ချုပ်​ထားပါ​တယ်။