မာတိကာဆီ ကျော်သွား

ဇွန် ၂၈၊ ၂၀၁၇
ရုရှား

ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားလို့ အယူခံ​မှု​ကို တရားရုံး​က ပယ်ချ

ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားလို့ အယူခံ​မှု​ကို တရားရုံး​က ပယ်ချ

ဒဲနစ္စ ခရစ်​တန်​ဆန်​ကို စုံစမ်း​မေးမြန်းခြင်း မရှိဘဲ ချုပ်နှောင်​ထားလို့ အယူခံ​တာ​ကို ၂၀၁၇၊ ဇွန်လ ၂၁ ရက်​နေ့မှာ အို​ရွိုလ်​ဒေသန္တရ​တရားရုံး​က ပယ်ချ​လိုက်ပါ​တယ်။ ယေဟောဝါသက်သေများရဲ့ ဘာသာရေး ဝတ်ပြု​အစည်းအဝေး​တစ်ခုကို ဖယ်ဒရယ်​လုံခြုံရေး​ဌာန (FSB) အဖွဲ့သား​တွေ​နဲ့ မျက်နှာဖုံး​စွပ် လက်နက်ကိုင်​ရဲတွေ ဝင်ရောက်​စီးနင်း​ခဲ့​တဲ့ ၂၀၁၇၊ မေလ ၂၅ ရက်​နေ့​တုန်း​က ဒိန်းမတ်​နိုင်ငံသား မစ္စတာ ခရစ်​တန်​ဆန် အဖမ်းခံ​ခဲ့​ရ​ပါတယ်။

ရုရှား​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်​က “အစွန်းရောက်​အဖွဲ့” လို့ ကြေညာ​ပြီး ယေဟောဝါသက်သေများရဲ့ လုပ်ဆောင်မှုတွေကို ချက်ချင်း အဆုံးသတ်ဖို့ စီရင်ချက်ချ​ခဲ့​ပါတယ်။ မေလ ၂၅ ရက်​နေ့​တုန်း​က သက်သေခံတွေရဲ့ ဘာသာရေး​ဝတ်ပြုမှု​ကို ဝင်ရောက်​စီးနင်း​တဲ့ ရဲတွေ​က အစွန်းရောက်​ဝါဒ​ကြောင့် တက်ရောက်​ဝတ်ပြု​သူတွေ​အနေနဲ့ ဖျက်သိမ်း​ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ဆက်လက်​ဆောင်ရွက်နေ​မှု​အတွက် စွဲချက်​တင်​ခံရမယ်လို့ ပြောဆို​ခဲ့​ကြပါတယ်။ FSB အနေနဲ့ မစ္စတာ ခရစ်​တန်​ဆန်​အပေါ် အစွန်းရောက် စွဲချက်​တွေ တင်ထားတဲ့​အမှုကို တည်ဆောက်​နိုင်အောင် ၂၀၁၇၊ ဇူလိုင်​လ ၂၇ ရက်​အထိ ချုပ်နှောင်​ထားဖို့ တရားရုံး​အမိန့် တောင်းခံ​ထားပါ​တယ်။ တကယ်တော့ ခရစ်​တန်​ဆန်​ဟာ ပြစ်မှု​မှတ်တမ်း မရှိတဲ့ လူ​အေး​တစ်ယောက်ပါ။

ယေဟောဝါ​သက်သေတွေဟာ တရားရုံးချုပ်ရဲ့ မတရားတဲ့​စီရင်ချက်​ကို အယူခံ​နေကြ​သလို ရုရှား​ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​နဲ့ လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ ပဋိညာဉ်​စာတမ်း​က အာမခံ​ထားတဲ့​အတိုင်း အဟန့်အတား​မရှိ အေးအေးချမ်းချမ်း ဆက်လက်​ကိုးကွယ်​ပိုင်ခွင့်​ကို ခုခံ​ကာကွယ်ဖို့​လည်း ပြင်ဆင်​နေကြပါတယ်။