မေ ၇၊ ၂၀၁၈
ရုရှား
စိန့်ပီတာစဘတ်မြို့တော် တရားရုံးက အိမ်မြေရာအဆောက်အအုံအမှု စီရင်ဆုံးဖြတ်ချက် ယေဟောဝါသက်သေများ ရှုံးနိမ့်
ဆိုနီချနာယာမြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ရုံးချုပ် သိမ်းယူတဲ့အမှု အယူခံဝင်တာကို စိန့်ပီတာစဘတ်မြို့တော် တရားရုံးက ၂၀၁၈၊ မေ ၃ ရက်မှာ ပယ်ချလိုက်ပါတယ်။ စီရင်ဆုံးဖြတ်ချက် အတည်ဖြစ်သွားပြီဖြစ်လို့ အိမ်မြေရာအဆောက်အအုံတွေကို နိုင်ငံတော်က အချိန်မရွေး သိမ်းယူနိုင်ပြီ။
ဒီဆုံးဖြတ်ချက်က အစောပိုင်း ဆက်စထရိုရက်စကီ ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ခြင်း ဖြစ်တယ်။ ခရိုင်တရားရုံးက ဆိုနီချနာယာမြို့မှာရှိတဲ့ အဆောက်အအုံတွေကို အမေရိကန်၊ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်း (WTPA) ဆီ တရားဝင် လွှဲပြောင်းထားတဲ့ ၁၇ နှစ်သက်တမ်းရှိ ပိုင်ဆိုင်မှုစာချုပ်ကို တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအဆောက်အအုံတွေကို ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ ဗဟိုအုပ်ချုပ်ရေးရုံးကပဲ အမြဲတမ်း ပိုင်ဆိုင်တယ်လို့ တရားရုံးက အခိုင်အမာ ဆိုတယ်။ ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ ဗဟိုအုပ်ချုပ်ရေးရုံးကို ၂၀၁၇၊ ဧပြီလတုန်းက ဖျက်သိမ်းလိုက်ပြီလို့ တရားရုံးချုပ် စီရင်ဆုံးဖြတ်တဲ့အတွက် နိုင်ငံတော်က အိမ်မြေရာ အဆောက်အအုံကို သိမ်းယူခွင့် ရသွားစေတယ်။ ဒီလိုမတရား “အကြောင်းပြချက်” တွေ၊ တရားဥပဒေဆိုင်ရာ လှည့်ကွက်တွေကြောင့် အိမ်မြေရာအဆောက်အအုံကို မတရားသိမ်းယူသွားနိုင်ပါတယ်။
ယေဟောဝါသက်သေများရဲ့ အကြံပေးရှေ့နေ ဖိလစ် ဘရမ်လေ ဒီလိုပြောတယ်– “ဒီဆုံးဖြတ်ချက်ဟာ တကယ့်မတရားမှုပါပဲ။ ဒီအိမ်မြေရာ အဆောက်အအုံကို ဘုရားဆီ အပ်နှံထားတာ။ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ငြိမ်သက်အေးချမ်းတဲ့ ဘာသာရေး လုပ်ဆောင်မှုတွေအတွက် အသုံးပြုခဲ့တာပါ။ အစိုးရက ခိုးယူလိုက်သလို ဖြစ်နေတယ်။ ဒီမတရားမှုကို ဥရောပ လူ့အခွင့်အရေး တရားရုံးဆီ တင်ပြမှာပါ။”