မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၉၊ ၂၀၂၁
ရုရှား

အယူခံ ငြင်းပယ်ခံရပေမဲ့ ညီအစ်ကို ဆာဂေး ဘရစ်ဗင်နဲ့ ဗာဒင် လဗ့်ချုတို့ ဆက်သစ္စာရှိ

အယူခံ ငြင်းပယ်ခံရပေမဲ့ ညီအစ်ကို ဆာဂေး ဘရစ်ဗင်နဲ့ ဗာဒင် လဗ့်ချုတို့ ဆက်သစ္စာရှိ

၂၀၂၀၊ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကင်မရိုဗို ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဘရစ်ဗင်နဲ့ ဗာဒင် လဗ့်ချုတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူတို့ရဲ့ မူလပြစ်ဒဏ် ထောင်ဒဏ် လေးနှစ်က အတည်ဖြစ်သွားပါပြီ။ အခုအချိန်မှာတော့ ထောင်ထဲ သွားစရာ မလိုဘူး။ ညီအစ်ကိုတွေဟာ ချုပ်ထားခံရတာ၊ နေအိမ် အကျယ်ချုပ်ကျနေတာ သုံးနှစ်ကျော်နေပြီ ဖြစ်တယ်။ ဒါကြောင့် နောက်ထပ် တစ်နှစ်ကြာမှ ပြန်လွတ်မှာ ဖြစ်တယ်။ ဆက်သစ္စာစောင့်သိနေဖို့၊ အခြေအနေနဲ့အညီ အကောင်းဆုံး လုပ်သွားဖို့ ဆုံးဖြတ်ထားကြတယ်။

တရားရုံး ဆုံးဖြတ်ချက် ချချိန်မှာ ညီအစ်ကိုတွေက သူတို့ရဲ့ ယုံကြည်ချက်နဲ့ ယေဟောဝါကို ဝတ်ပြုလို့ ရရှိတဲ့ ကောင်းကျိုးတွေအကြောင်း သတ္တိရှိရှိ ပြောခဲ့ကြတယ်။

တရားရုံးမှာ ဆာဂေးက ဒီလိုပြောတယ်- “တရားရုံးက ကျွန်တော့်ဆီကနေ ဘာမျှော်လင့်ထားသလဲ။ ယုံကြည်ခြင်းကို စွန့်ပယ်စေချင်တာလား။ ယေဟောဝါကို ယုံကြည်တဲ့အတွက် ကျွန်တော့် ဘဝ ပိုကောင်းလာသလို ရုရှားနိုင်ငံသားကောင်း တစ်ယောက်လည်း ဖြစ်လာတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်ရေး ပိုခိုင်မြဲလာသလို အသက်တာလည်း ပိုကောင်းမွန်လာတယ်။ စစ်မှန်တဲ့ ဘဝရည်ရွယ်ချက်ကို သိလာသလို ကောင်းမွန်တဲ့ အနာဂတ်ကို ရှာတွေ့ခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာပဲ။ ဘယ်လို စွပ်စွဲမှုတွေပဲ ကြုံရပါစေ ဒီဆက်ဆံရေးကို ကျွန်တော် တန်ဖိုးထားနေမှာပါ။”

ဗာဒင် ဒီလိုပြောတယ်– “ဒီအမှု ဖြစ်နေတဲ့အချိန် တစ်လျှောက်လုံး ကျွန်တော် ထူးထူးခြားခြား စိတ်ငြိမ်သက်မှု ခံစားရတယ်။ ကျွန်တော့်ဘက်မှာ ယေဟောဝါ ရှိပြီး ယေဟောဝါဘက်မှာ ကျွန်တော် ရှိနေလို့ပဲ။ ဘယ်လို စီရင်ချက်ပဲ ချပါစေ ဘုရားအမြင်ပဲ ကျွန်တော့်အတွက် အရေးပါတာပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြင်နာခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း စတဲ့ ဘုရား နှစ်သက်တဲ့ အရည်အသွေးတွေ ဆက်မွေးမြူသွားမှာပါ။”