မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၄၊ ၂၀၁၇
ရုရှား

အယူခံ​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ကို အမှု​မ​စစ်​မချင်း ဆက်​ချုပ်​ထားဖို့ အမိန့်ချ

အယူခံ​တရားရုံး​က ဒဲနစ္စ ခရစ်​တန်​ဆန်​ကို အမှု​မ​စစ်​မချင်း ဆက်​ချုပ်​ထားဖို့ အမိန့်ချ

၂၀၁၇၊ စက်တင်ဘာ ၂၈ ရက်​နေ့မှာ သုံးနာရီ​ကြာ အမှု​ကြားနာ​ပြီးနောက် ဒိန်းမတ်​နိုင်ငံသား ယေဟောဝါ​သက်သေ ဒဲနစ္စ ခရစ်​တန်​ဆန်​ကို လွှတ်​ပေးဖို့ အယူခံဝင်​တာ​ကို အို​ရွိုလ် ခရိုင်​တရားရုံး​က ပယ်ချ​လိုက်ပါ​တယ်။ သူဟာ ၂၀၁၇၊ နိုဝင်ဘာ ၂၃ ရက်​အထိ အမှု​မ​စစ်​မချင်း အချုပ်​ထဲ ဆက်နေ​ရ​ပါ​ဦး​မယ်။

ဇူလိုင်​လ​တုန်း​က မစ္စတာ ခရစ်​တန်​ဆန်​ရဲ့ အမှုကို ကြားနာချိန်​မှာ အောက်​တရားရုံး​က သူ့ကို နိုဝင်ဘာလ​အထိ ချုပ်​ထားဖို့ မတရား ဆုံးဖြတ်ခဲ့​ပါတယ်။ အကြောင်းကတော့ သူ့ကို အစွန်းရောက်​အဖြစ် တရားစွဲ​ဆိုနိုင်​အောင် “သက်သေ” တွေ စုဆောင်း​နိုင်ဖို့​ပါပဲ။ မစ္စတာ ခရစ်​တန်​ဆန်​ရဲ့ ရှေ့နေ​က လူ့​အခွင့်အရေး ဥရောပ​တရားရုံး (ECHR) ကို အမှု​တင်ထားတဲ့​အတွက် ECHR က ၂၀၁၇၊ စက်တင်ဘာ ၄ ရက်​နေ့​က​စပြီး မစ္စတာ ခရစ်​တန်​ဆန် လူ့​အခွင့်အရေး ချိုးဖောက်​ခံ​နေရတာ​နဲ့​ပတ်သက်ပြီး ရုရှား​ကို မေးခွန်း​တစ်​သီ​တစ်တန်း မေး​ပြီး စစ်ဆေး​ခဲ့တယ်။

မစ္စတာ ခရစ်​တန်​ဆန်​ရဲ့ အမှုကို နိုင်ငံတကာ​က​လည်း အာရုံစိုက်​နေပါတယ်။ အကြောင်းကတော့ ဆိုဗီယက်​ခေတ်​နောက်ပိုင်း ရုရှား​နိုင်ငံက ယုံကြည်​ကိုးကွယ်မှု အကြောင်းပြချက်​သက်​သက်​နဲ့ ထောင်ချ​တဲ့ ပထမဆုံး​အမှု ဖြစ်လို့ပါပဲ။