မာတိကာဆီ ကျော်သွား

ညီအစ်မ ယယ်လီနာ ဆာဗယ်ယေဗာ

အောက်တိုဘာ ၂၈၊ ၂၀၂၁
ရုရှား

အသက်ရှစ်ဆယ်အရွယ် အငြိမ်းစား ကျောင်းဆရာမ ကျမ်းစာအကြောင်း ပြောလို့ တရားစွဲခံရ

အသက်ရှစ်ဆယ်အရွယ် အငြိမ်းစား ကျောင်းဆရာမ ကျမ်းစာအကြောင်း ပြောလို့ တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ညီအစ်မ ယယ်လီနာ ဆာဗယ်ယေဗာရဲ့ အယူခံကို ပယ်ချ

၂၀၂၂၊ ဖေဖော်ဝါရီ ၁၄ မှာ တောမ်ခရိုင်တရားရုံးက ညီအစ်မ ယယ်လီနာ ဆာဗယ်ယေဗာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

အချိန်ပြဇယား

  1. နိုဝင်ဘာ ၁၇၊ ၂၀၂၁

    တောမ်ခရိုင်၊ ဆာဗာစကီ မြို့နယ်တရားရုံးက ယယ်လီနာကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်ပါတယ်။ အစိုးရ ရှေ့နေက အသက် ၈၀ အရွယ် ယယ်လီနာကို ရုရှားငွေ ၅၀၀,၀၀၀ (၇,၁၉၈ ဒေါ်လာ) ဒဏ်ငွေတပ်ဖို့ တောင်းဆိုခဲ့တယ်။

  2. ဇူလိုင် ၂၂၊ ၂၀၂၁

    တရားရုံးက အမှု စကြားနာတယ်

  3. မတ် ၂၅၊ ၂၀၂၁

    ရုရှား အစိုးရ ရှေ့နေတွေက ယယ်လီနာကို ရာဇဝတ်မှုနဲ့ အမှုဖွင့်တယ်။ ရုရှား ဖယ်ဒရေးရှင်းရဲ့ ရာဇဝတ်မှု ပုဒ်မ ၂၈၂.၂ အရ “အစွန်းရောက် အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ သွေးဆောင်ခြင်း၊ အဖွဲ့ဝင် စုဆောင်းခြင်း” ဆိုတဲ့ အမှုနဲ့ စွဲချက်တင်ခံရတယ်။

    ယယ်လီနာက ကျမ်းစာအကြောင်း ပြောပြတယ်ဆိုတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ သက်သေထွက်ဆိုချက်ကို အခြေခံပြီး တရားစွဲတာ ဖြစ်တယ်။ တစ်ယောက်က ဖယ်ဒရယ် လုံခြုံရေးဌာနက ဖြစ်ပြီး နောက်တစ်ယောက်က ရုရှား အမျိုးသား ကာကွယ်ရေးဌာနက ဖြစ်တယ်။ ကျမ်းစာကို စိတ်ဝင်စားသယောင်နဲ့ ယယ်လီနာ ပြောတဲ့စကားတွေကို လျှို့ဝှက် အသံသွင်းထားတယ်။ ယယ်လီနာနဲ့ ယုံကြည်သူချင်းတွေအကြောင်း အာဏာပိုင်တွေကို သတင်းပေးလိုက်တယ်။

ကိုယ်ရေးအကျဉ်း

အမှုရင်ဆိုင်နေရပေမဲ့ ဆက်ခံရပ်နိုင်ဖို့ ယယ်လီနာရဲ့ စိတ်ပိုင်းဖြတ်ချက်က ကျွန်တော်တို့ကို အားရှိစေတယ်။ “သတင်းကောင်းကို အခြေခံတဲ့ ယုံကြည်ခြင်းကို အမြဲ ထိန်းသိမ်းထားနိုင်ဖို့ တညီတညွတ်တည်း ကြိုးစားနေ” တဲ့၊ ‘ဆန့်ကျင်သူတွေကို လုံးဝ မကြောက်’ တဲ့သူ အားလုံးကို ယေဟောဝါ ဂရုစိုက်နေတယ်ဆိုတာ သေချာပါတယ်။—ဖိလိပ္ပိ ၁:၂၇၊ ၂၈