မာတိကာဆီ ကျော်သွား

၇၈ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မ ကလယ်ရီယာ မာမစ်ကနာဟာ ယုံကြည်ခြင်းကြောင့် ရုရှားနိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်သူအဖြစ် တရားစွဲဆို ခံနေရ

ဇွန် ၂၆၊ ၂၀၁၉
ရုရှား

အသက်၇၀ ကျော်တွေ အပါအဝင် အသက်ကြီးတဲ့ ယေဟောဝါသက်သေတွေကို ရုရှား ပစ်မှတ်ထား

အသက်၇၀ ကျော်တွေ အပါအဝင် အသက်ကြီးတဲ့ ယေဟောဝါသက်သေတွေကို ရုရှား ပစ်မှတ်ထား

၇၈ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကို ဘောရစ် ဘူရီလာဟာ ပဲမ်မြို့မှာ “အစွန်းရောက်” အဖြစ် တရားစွဲခံရ

၂၀၁၉၊ မေလမှာ ရုရှားနိုင်ငံ၊ အာရ်ဟန်ဂရစ်နဲ့ ဗော့ဂေါ်ဂရပ်ဒေသက အာဏာပိုင်တွေဟာ ကျွန်တော်တို့ရဲ့ သက်ကြီးညီအစ်မနှစ်ယောက်ကို ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး တရားစွဲခဲ့တယ်။ အပေါ်မှာ ပြထားတဲ့ ညီအစ်မ ကလယ်ရီယာ မာမစ်ကနာဟာ အသက် ၇၈ နှစ်ရှိပြီး နောက်တစ်ယောက်ဖြစ်တဲ့ ညီအစ်မ ဗက်လန်တီးနား မာမက်ဂိုင်ဗာကတော့ အသက် ၇၁ နှစ်ရှိပြီ။ သူတို့ဟာ ယေဟောဝါသက်သေတွေ ဖြစ်လို့ အစွန်းရောက်လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး စစ်ဆေးခံခဲ့ရတယ်။

၂၀၁၈၊ ဧပြီလမှာ ဗာဒီဗော့စတော့မြို့ အာဏာပိုင်တွေက အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ညီအစ်မ ယာလေးနာ ဇာရှုကို တခြား သက်သေခံလေးယောက်နဲ့အတူ တရားစွဲခဲ့တယ်။ အခုဆိုရင် အသက် ၇၀ ကျော် ညီအစ်ကို၊ ညီအစ်မ ၁၀ ယောက်ဟာ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်မှုကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် တရားစွဲဆို ခံနေရပါတယ်။

အဲဒီအသက်ကြီးသူတွေ တစ်ယောက်မှ ချုပ်နှောင်ထားခြင်း မခံရပေမဲ့ အခြေအနေကြောင့် သူတို့ အလွန်စိတ်ဖိစီးကြမှာ သေချာပါတယ်။ သူတို့ကို ဆက်စစ်ဆေးပြီး အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ရင် ဒဏ်ငွေအများကြီး ဆောင်ရနိုင်တယ်။ ဒါမှမဟုတ် ထောင်ကျနိုင်တယ်။

၂၀၁၉၊ ဇွန် ၁၇ ရက်နေ့အထိဆိုရင် ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် တရားစွဲခံနေရတဲ့ ညီအစ်ကို၊ ညီအစ်မ ၂၁၅ ယောက် ရှိပါပြီ။ အရေအတွက် တိုးလာနေပါတယ်။ ရုရှားက ညီအစ်ကို၊ ညီအစ်မတွေအတွက် နာမည်နဲ့တကွ ဆက်ဆုတောင်းပေးကြပါစို့။ သူတို့တွေ “ဘုန်းတန်ခိုးတော်ကြောင့် ခွန်အားပြည့်ဝလာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” အောင် ယေဟောဝါ ဆက်ခွန်အားပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ကောလောသဲ ၁:၁၁