မာတိကာဆီ ကျော်သွား

ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကို

ဧပြီ ၁၅၊ ၂၀၂၁
ရုရှား

အသက် ၇၀ အရွယ် ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကို ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေးခြင်းကို သစ္စာရှိရှိ ခံရပ်နေ

အသက် ၇၀ အရွယ် ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကို ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေးခြင်းကို သစ္စာရှိရှိ ခံရပ်နေ

စီရင်ချက် ချမယ့်အချိန်

ရော့စတို့ဗ် အော်န်ဒွန်၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကိုရဲ့ အမှုကို စီရင်ချက် ချဖို့ နီးလာပါပြီ။ a

ကိုယ်ရေးအကျဉ်း

လုဒ်မီလာ ဖိုနိုမာရန်ကို

  • မွေးဖွားတဲ့နှစ်။ ၁၉၅၀ (အိုလာ၊ မာဂဒန်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အငြိမ်းစား မယူခင် လျှပ်စစ်ကျွမ်းကျင်သူ အလုပ်လုပ်တယ်။ သမီးနှစ်ယောက်၊ မြေးနှစ်ယောက် ရှိတယ်။ စာဖတ်တာ၊ ဇာထိုးပန်းထိုး ဝါသနာပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ခင်ပွန်းကို ကြည့်ရှုပြုစုနေသူပါ

  • ဖန်ဆင်းရှင်ရဲ့ နာမည်ကို သိလိုက်ရလို့ သိပ်ပျော်သွားတယ်။ ကမ္ဘာမြေကြီး၊ လူတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကိုပါ သိလိုက်ရတော့ သိပ်သဘောကျသွားတယ်။ ၁၉၉၈ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ ဇွန် ၆ မှာ ညီအစ်မ လုဒ်မီလာ ဖိုနိုမာရန်ကိုကို ရာဇဝတ်မှုနဲ့ စွဲချက်တင်ကြတယ်။ “အစွန်းရောက်” အဖွဲ့အစည်း ဘာသာရေး အစည်းအဝေး လုပ်ဖို့ နေရာပေးခြင်း၊ တခြားသူတွေကို ကျမ်းစာသတင်းတရား ဝေမျှခြင်းစတဲ့ ရာဇဝတ်မှုတွေနဲ့ စွဲဆိုခံရတယ်။

ရုရှားက တခြားညီအစ်ကို/မတွေလိုပဲ တစ်နေ့ နှိပ်စက်ညှဉ်းပန်းခံရမယ်ဆိုတာ ညီအစ်မ လုဒ်မီလာ မျှော်လင့်ပြီးသားပါ။ “မော်စကို အနီးတစ်ဝိုက်နဲ့ တာဂန်ရော့ဂ်မြို့က ညီအစ်ကို/မတွေကို စပြီး နှိပ်စက်ချိန်ကတည်းက ကျွန်မတို့ယောက်တိုင်း ကြုံရတော့မယ်ဆိုတာ သိနေပါတယ်” လို့ ပြောပြတယ်။

ကိုဗစ် ၁၉ အသွားအလာ ကန့်သတ်ချက်တွေကြောင့် ညီအစ်မ လုဒ်မီလာရဲ့ ရုံးချိန်းတွေမှာ ညီအစ်ကို/မတွေ ကိုယ်တိုင် လာရောက် အားမပေးနိုင်ကြဘူး။ ဒီအခြေအနေနဲ့ပတ်သက်လို့ ညီအစ်မ လုဒ်မီလာက “တစ်ယောက်တည်း ထိုင်ပြီး အမှုကြားနာရမှာကို တွေးပူမိတယ်။ ဒါကြောင့် တရားရုံး အသွားလမ်းမှာ ဘုရားကို ချီးမွမ်းတဲ့ သီချင်း တိုးတိုးလေး ဆိုညည်းတယ်။ ယေဟောဝါဆီ ဆုတောင်းတယ်။ တော်တော့်ကို အားရှိသွားတယ်။ အမှုကြားနာချိန်မှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူး။ အမှုကြားနာတာလည်း ခဏလေးလိုပဲ” လို့ ပြောပြတယ်။

ယေဟောဝါသက်သေ မဟုတ်တဲ့ ခင်ပွန်းနဲ့ သမီးနှစ်ယောက်အပေါ် အကျိုးသက်ရောက်ပုံကိုလည်း ညီအစ်မ လုဒ်မီလာ ပြောပြတယ်။ “ကျွန်မ ရုံးတင်စစ်ဆေးခံရတာကို ဘယ်လိုမှ နားမလည်နိုင်ကြဘူး။ ကျွန်မ ကျန်းမာရေးထိခိုက်လာတာကို ကြည့်ပြီး စိုးရိမ်နေကြတယ်။ နည်းနည်းမှ ယုတ္တိမရှိတဲ့ စွဲချက်တွေ ဖြစ်မှန်း မိသားစုဝင်တွေ နားလည်ကြတယ်။ သစ္စာရှိရှိ ဆက်ခံရပ်ဖို့ ကျွန်မကို ကူညီပေးကြတယ်။”

နှိပ်စက်ညှဉ်းပန်း ခံရပေမဲ့လည်း ညီအစ်မ လုဒ်မီလာ ဇွဲထက်သန်မှု လျော့မသွားပါဘူး။ “လောလောဆယ် ကြုံနေရတာကိုရော ကျမ်းစာ ကြိုပြောထားတဲ့ နောက်နောင် ကြုံရမယ့်အရာကိုပါ ကြောက်စရာ မလိုတဲ့အတွက် ကျွန်မ ပျော်နေပါတယ်။ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာတယ်။ ဆုတောင်းချက်တွေ ပိုအဓိပ္ပာယ်ရှိလာတယ်။ ဘုရားကို ရင်ဖွင့်စရာတွေ များလာလို့ အကြာကြီး စကားပြောဖြစ်လာတယ်” လို့ ပြောပြတယ်။

ညီအစ်မ လုဒ်မီလာအနေနဲ့ ယေဟောဝါရဲ့ စွမ်းအားတော်ကိုသာမက ‘အနန္တတန်ခိုးရှင်ရဲ့ အရိပ်အောက်မှာ’ ကောင်းချီးတွေ ဆက်ခံစားနေရမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဆာလံ ၉၁:၁

a စီရင်ချက် ချမယ့်နေ့ကို အတိအကျ မသိရသေးပါ