မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗလာဒီမာ ဖီလစ်ပါ့ဖ်နဲ့ ဇနီး လီယူဘာ့ဖ်

၂၀၂၁၊ ဇန်နဝါရီ ၂၆
ရုရှား

အသက် ၇၇ နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဖီလစ်ပါ့ဖ် ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျခံရဖွယ်ရှိ

အသက် ၇၇ နှစ်အရွယ် ညီအစ်ကို ဗလာဒီမာ ဖီလစ်ပါ့ဖ် ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျခံရဖွယ်ရှိ

စီရင်ချက် ချမယ့်အချိန်

ပရီမိုရ်ယီ ဒေသ၊ နာဒီဇဒင်စကီး ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ ဖီလစ်ပါ့ဖ် အမှု ဆုံးဖြတ်ချက်ကို ၂၀၂၁၊ ဇန်နဝါရီ ၂၇ a ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားတယ်။ ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျခံရနိုင်တယ်။

ကိုယ်ရေးအကျဉ်း

ဗလာဒီမာ ဖီလစ်ပါ့ဖ်

  • မွေးဖွားတဲ့နှစ်– ၁၉၄၃ (အက်ယာဘာစကီ၊ နိုဗိုဆာဘီရိခ် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ– သူ မမွေးခင် ဒုတိယ ကမ္ဘာစစ်မှာ ဖခင် ဆုံးသွားတယ်။ ၁၉၄၆ မှာ တောမ် အမြောက်တပ်ကျောင်းကနေ ဗိုလ်အဖြစ် ကျောင်းဆင်းတယ်။ ၁၉၆၇ မှာ လီယူဘာ့ဖ်နဲ့ လက်ထပ်တယ်။ ၂၇ နှစ် စစ်မှုထမ်းပြီး ပင်စင်ယူခဲ့တယ်

    ၁၉၉၄ မှာ ဇနီး ကျမ်းစာ စလေ့လာပြီး မကြာခင် သူလည်း လေ့လာတယ်။ နောက်တစ်နှစ်မှာ နှစ်ယောက်စလုံး နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၇၊ ဩဂုတ်လက စပြီး အာဏာပိုင်တွေဟာ ရပ်စ်ဒိုနွိုက်မှာ ညီအစ်ကို ဗလာဒီမာ ဖီလစ်ပါ့ဖ်နဲ့ တခြား ညီအစ်ကိုတွေကို တိတ်တဆိတ် အသံဖမ်း၊ ဗီဒီယို ရိုက်ထားကြတယ်။ ဗလာဒီမာ အစည်းအဝေးမှာ စကားပြောတာ၊ အိမ်နီးချင်းတွေနဲ့ ကျမ်းစာ ဆွေးနွေးတာတွေကို လပေါင်းများစွာ တိတ်တဆိတ် အသံသွင်းထားကြတယ်။

၂၀၁၈၊ ဇူလိုင် ၁၉ မှာတော့ မျက်နှာဖုံးတပ် လက်နက်ကိုင် ဖယ်ဒရယ် လုံခြုံရေး (FSB) ရဲတွေ အိမ်ကို ရောက်လာပြီး အသက် ၇၅ နှစ်အရွယ် ဗလာဒီမာရဲ့ မျက်နှာကို ထိုးပြီး ကြမ်းပြင်ပေါ် လှဲချ၊ လက်ကို နောက်ပြန် ကြိုးတုပ်ပြီး အခန်းကို ရှာဖွေကြတယ်။ ၂၀၁၉၊ ဩဂုတ်နဲ့ ၂၀၂၀၊ ဇန်နဝါရီ မှာ နောက်ထပ် နှစ်ကြိမ် အိမ်ကို ထပ်ရှာဖွေကြတယ်။ ဒုတိယအကြိမ် ရှာဖွေပြီးနောက် ဗလာဒီမာကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုကြတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို ညီအစ်မတွေ ယုံကြည်ခြင်းနဲ့ ပျော်ရွှင်မှု ဆက်ထိန်းထားနိုင်အောင် ယေဟောဝါ အစွမ်းခွန်အား ပေးပါစေ။—ဟေရှာယ ၄၀:၂၉၊ ၃၁

a ပြောင်းနိုင်။