စက်တင်ဘာ ၁၅၊ ၂၀၁၅
ရုရှား
ပြန်လည်ကြားနာစစ်ဆေးခံရတဲ့ တော့ဂန်ရော့စ်က ယေဟောဝါသက်သေများ—မတရားမှု ဘယ်တော့ အဆုံးတိုင်မလဲ
တော့ဂန်ရော့စ်မြို့မှာ ယေဟောဝါသက်သေ ၁၆ ဦးရဲ့ ပြန်လည်ကြားနာစစ်ဆေးတဲ့အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ သက်သေခံတွေရဲ့ ယုံကြည်ခြင်းလုပ်ရပ်ကို ပိတ်ပင်ဖို့ကြိုးစားတဲ့ ဒီအမှုကို ရင်ဆိုင်လာတာ ၂ နှစ်ကျော် ကြာခဲ့ပြီ။ တချို့ကို ထောင်ဒဏ်နဲ့ ဒဏ်ငွေ တော်တော်များများ ရိုက်ခဲ့တယ်။ ဒီလို နှစ်ရှည်တရားရင်ဆိုင်ရတာက သက်သေခံတွေကို ဘယ်လိုထိခိုက်သလဲ။ တကယ်လို့ သူတို့ တရားရှုံးတယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ကြုံရနိုင်သလဲ။