မာတိကာဆီ ကျော်သွား

၂၀၁၉၊ မေလတုန်းက ညီအစ်ကို ဆာဂေ ကလီမို့ကို တရားရုံးက အကျဉ်းသားထားတဲ့ အခန်းကျဉ်းထဲမှာ တွေ့ရစဉ်

နိုဝင်ဘာ ၁၁၊ ၂၀၁၉
ရုရှား

၂၀၁၇ ပိတ်ပင်မှုထုတ်ပြန်ပြီးနောက် အပြင်းထန်ဆုံး စီရင်ချက်အနေနဲ့ ရုရှားတရားရုံးက ညီအစ်ကို ကလီမို့ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

၂၀၁၇ ပိတ်ပင်မှုထုတ်ပြန်ပြီးနောက် အပြင်းထန်ဆုံး စီရင်ချက်အနေနဲ့ ရုရှားတရားရုံးက ညီအစ်ကို ကလီမို့ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

နောက်ဆုံးအချက်အလက် | ရုရှားအထက်တရားရုံးက အယူခံကို ပယ်ချ

၂၀၂၂၊ ဇန်နဝါရီ ၂၇ မှာ သတ္တမမြောက် ပြည်သူ့ အထက်တရားရုံးက ညီအစ်ကို ဆာဂေ ကလီမို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ ထောင်ထဲမှာ ဆက်နေရပါတယ်။

တောမ်မြို့ အက်ယာဘာစကီ ခရိုင်တရားရုံးက ၂၀၁၉၊ နိုဝင်ဘာ ၅ ရက်နေ့မှာ ညီအစ်ကို ဆာဂေ ကလီမို့ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ ရုရှားနိုင်ငံမှာ အဲဒီလိုမျိုး ထောင်ဒဏ် ချမှတ်ခံရတဲ့ နောက်ညီအစ်ကိုကတော့ ဒဲနစ္စ ခရစ်တန်ဆန် ဖြစ်ပါတယ်။ ဒါပေမဲ့ ညီအစ်ကို ကလီမို့ရဲ့ အမှုမှာတော့ တရားရုံးက နောက်ထပ် ကန့်သတ်ချက်များစွာကိုလည်း ထုတ်ပြန်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် ပိတ်ပင်ခံရပြီးနောက်ပိုင်း အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက် ဖြစ်တယ်။

ယေဟောဝါသက်သေ အိမ်နှစ်လုံးကို ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီးနောက် ၂၀၁၈၊ ဇွန် ၃ ရက်နေ့မှာ ညီအစ်ကို ကလီမို့ကို ဖမ်းဆီးခဲ့တယ်။ အသက် ၈၃ နှစ်အရွယ် သက်ကြီး ညီအစ်မ အပါအဝင် ညီအစ်ကို၊ ညီအစ်မ အယောက် ၃၀ ခန့်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြတယ်။ ညီအစ်ကို ကလီမို့ကလွဲလို့ အားလုံး ပြန်လွတ်လာပါတယ်။ ညီအစ်ကို ကလီမို့ကို ရာဇဝတ်မှုနဲ့ တရားစွဲပြီး အမှုမစစ်ဆေးမီ နှစ်လကြာ ထိန်းသိမ်းထားဖို့ တရားရုံးက စီရင်ချက် ချခဲ့တယ်။ ချုပ်နှောင်သက်တမ်းကို ခုနစ်ကြိမ်အထိ ထပ်တိုးခဲ့ပါတယ်။ အဓိပ္ပာယ်က ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ်စီရင်ချက် မခံရခင် တစ်နှစ်နဲ့ ငါးလလုံးလုံး ဇနီး၊ မိသားစုနဲ့ ခွဲနေခဲ့ရပြီး ဖြစ်ပါတယ်။

ညီအစ်ကို ကလီမို့ရဲ့ ရှေ့နေတွေက ပြစ်ဒဏ်စီရင်ချက်အတွက် အယူခံ ဝင်ကြပါမယ်။ ဒါ့အပြင် စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ချုပ်နှောင်ခံထားရမှုအတွက် ၂၀၁၈၊ ဩဂုတ် ၂၀ ရက်နေ့တုန်းက လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးထံ ကလီမို့နဲ့ ရုရှားအမှု တိုင်ကြားစာ တင်ထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရုရှားနိုင်ငံမှာ ဝင်ရောက်စီးနင်းမှု၊ ဖမ်းဆီးမှုနဲ့ ချုပ်နှောင်မှုတွေ ပိုများလာတာ တွေ့ရတယ်။ ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ ရဲစွမ်းသတ္တိ တင်ပြပြီး ဆက်သစ္စာရှိကြတယ်။ ယေဟောဝါဘုရားက မိမိအပေါ် ညီအစ်ကိုတွေရဲ့ အပြည့်အဝ ယုံကြည်စိတ်ချမှုကို ကောင်းချီးပေးနေတဲ့ အထောက်အထားတွေ တွေ့ရလို့ ကျွန်တော်တို့ အားရှိကြပါတယ်။—ဆာလံ ၅၆:၁-၅၊