မာတိကာဆီ ကျော်သွား

ရုရှားတရားရုံးက ညီအစ်ကို အလက်စကီ မက်စ်ဂါကို သူ့ရဲ့ယုံကြည်ခြင်းလုပ်ရပ်အတွက် အပြစ်ရှိကြာင်း ဆုံးဖြတ်ပြီး ဒဏ်ငွေချမှတ်ခဲ့

နိုဝင်ဘာ ၂၁၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို အလက်စကီ မက်စ်ဂါကို ရူဘယ် ၃၅၀,၀၀၀ ဒဏ်ငွေချ၊ ထောင်ဒဏ်သုံးနှစ်ချမှတ်ဖို့ အစိုးရရှေ့နေတောင်းဆိုတာကို ငြင်းပယ်

ရုရှားတရားရုံးက ညီအစ်ကို အလက်စကီ မက်စ်ဂါကို ရူဘယ် ၃၅၀,၀၀၀ ဒဏ်ငွေချ၊ ထောင်ဒဏ်သုံးနှစ်ချမှတ်ဖို့ အစိုးရရှေ့နေတောင်းဆိုတာကို ငြင်းပယ်

၂၀၁၉၊ နိုဝင်ဘာ ၁၄၊ ကြာသပတေးနေ့မှာ အန်ဂျနီကီဇီစကီ ပါမ်ခရိုင်တရားရုံးက ညီအစ်ကို အလက်စကီမက်စ်ဂါကို အပြစ်ရှိတယ်လို့ ဖော်ပြပြီး ရူဘယ် ၃၅၀,၀၀၀ (ဒေါ်လာ ၅,၄၆၀ နီးပါး) ဒဏ်ငွေချမှတ်လိုက်တယ်။ ဒီနှစ်အတွင်း ရုရှားမှာ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ဆောင်တာ၊ တခြားသူတွေကို မျှဝေတာတွေအတွက် အစွန်းရောက်သမားတွေလို့ မတရားစွပ်စွဲခံရသူတွေမှာ ဒီညီအစ်ကိုက ၁၂ ယောက်မြောက် ဖြစ်တယ်။ ညီအစ်ကို မက်စ်ဂါရဲ့ရှေ့နေက အယူခံဝင်ပါလိမ့်မယ်။

၂၀၁၉၊ ဧပြီ ၂၅ မှာ ညီအစ်ကို မက်စ်ဂါဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေလို့ ရာဇဝတ်သားဖြစ်တယ်လို့ စွဲချက်တင်ခံရတယ်။ ညီအစ်ကိုမက်စ်ဂါနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးထားတဲ့ လျှို့ဝှက်အသံဖိုင်ကို သက်သေအဖြစ် တင်သွင်းခဲ့ကြတယ်။

၂၀၁၉၊ အောက်တိုဘာ ၁၄ မှာ အမှုစကြားနာခဲ့တယ်။ အစိုးရရှေ့နေက ညီအစ်ကိုမက်စ်ဂါကို ထောင်ဒဏ် သုံးနှစ်ချဖို့ တောင်းဆိုခဲ့တယ်။ တရားရုံးက ညီအစ်ကိုမက်စ်ဂါကို ထောင်ဒဏ် သုံးနှစ်မချခဲ့ပေမဲ့ သူ့မှာအပြစ်ရှိတယ်လို့တော့ ဆုံးဖြတ်ခဲ့တယ်။ ဒါက ညီအစ်ကို၊ ညီအစ်မတွေကို နှိပ်စက်ညှဉ်းပန်းဖို့ တခြားတရားရုံးတွေအတွက် နမူနာဖြစ်သွားနိုင်လို့ စိုးရိမ်စရာရှိတယ်။

အာဏာပိုင်တွေက ရုရှားက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေကို အကြောင်းရင်းမရှိဘဲ ဆက်ညှဉ်းပန်းနှိပ်စက်နေပေမဲ့ ယေဟောဝါဘုရားက သူတို့ကို ဆက်နှစ်သိမ့်ပေးပြီး ခံရပ်နေစေမယ်ဆိုတာ သိထားကြပါတယ်။—ဆာလံ ၁၁၉:၇၆၊ ၁၆၁