မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
ရုရှား

ညီအစ်ကို မီခေးလ် ပိုပို့ဗ်နဲ့ ဇနီးဖြစ်သူ ယေလီနာ ရုရှားတရားရုံးမှာ အမှုရင်ဆိုင်နေရ—ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀ မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရ

ညီအစ်ကို မီခေးလ် ပိုပို့ဗ်နဲ့ ဇနီးဖြစ်သူ ယေလီနာ ရုရှားတရားရုံးမှာ အမှုရင်ဆိုင်နေရ—ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀ မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရ

ဗီလျူချင်နစ် မြို့နယ်တရားရုံးက ညီအစ်ကို မီခေးလ် ပိုပို့ဗ်နဲ့ ဇနီးဖြစ်သူ ယေလီနာ ပိုပို့ဗ်ရဲ့ အမှုကို ၂၀၂၀၊ ဖေဖော်ဝါရီ ၁၃၊ ကြာသပတေးနေ့မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဇနီးမောင်နှံဟာ ၂၀၁၈၊ ဇူလိုင် ၃၀ ရက်နေ့တုန်းက ကမ်ချက်ကာမြို့မှာ အဖမ်းခံရပြီး ၂၀၁၈၊ ဩဂုတ် ၉ ရက်နေ့မှာ လွတ်လာပါတယ်။ သူတို့ကို “အစွန်းရောက်လုပ်ငန်း” လုပ်ဆောင်မှုနဲ့ တရားစွဲထားတာ ဖြစ်တယ်။

မီးခေးလ်နဲ့ ယေလီနာဟာ စိတ်ပျက်စရာကောင်းတဲ့ ဒီစမ်းသပ်မှုကို ခံရပ်နိုင်ဖို့ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားနေကြပါတယ်။ ယေဟောဝါဘုရားဟာ သူတို့အတွက် ‘ခိုလှုံရာ၊ အစွမ်းခွန်အား’ ဆက်ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၄၆:၁