မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ– ညီအစ်ကို နီကိုလိုင် ပိုလီဗိုဒိုဗ်နဲ့ စတန်နီစလာ့ဗ် ကင်ကို ၂၀၁၉၊ အောက်တိုဘာလတုန်းက တရားရုံးအပြင်ဘက်မှာ တွေ့ရစဉ်

ဇန်နဝါရီ ၃၁၊ ၂၀၂၀
ရုရှား

ညီအစ်ကို စတန်နီစလာ့ဗ် ကင်နဲ့ နီကိုလိုင် ပိုလီဗိုဒိုဗ်ဟာ ရုရှားတရားရုံး နှစ်ခုမှာ အမှုရင်ဆိုင်နေရ၊ ပထမအမှုကို ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရ

ညီအစ်ကို စတန်နီစလာ့ဗ် ကင်နဲ့ နီကိုလိုင် ပိုလီဗိုဒိုဗ်ဟာ ရုရှားတရားရုံး နှစ်ခုမှာ အမှုရင်ဆိုင်နေရ၊ ပထမအမှုကို ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ရ

ခါဘရော့မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ တရားရုံးက ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ညီအစ်ကို စတန်နီစလာ့ဗ် ကင်နဲ့ နီကိုလိုင် ပိုလီဗိုဒိုဗ်ကို ပြစ်ဒဏ်စီရင်ချက် ချမယ်လို့ မျှော်လင့်ရပါတယ်။ ညီအစ်ကို နှစ်ယောက်စလုံးကို ထောင်ဒဏ်သုံးနှစ်ချဖို့ အစိုးရရှေ့နေက တရားရုံးမှာ တောင်းဆိုထားတယ်။ ဒါပေမဲ့ ညီအစ်ကို နှစ်ယောက်စလုံးဟာ အဲဒီမြို့က စက်မှုခရိုင်တရားရုံးမှာ ဒုတိယအမှုတစ်ခုကိုလည်း ရင်ဆိုင်နေကြရတယ်။

ညီအစ်ကို ကင်နဲ့ ပိုလီဗိုဒိုဗ်ဟာ ၂၀၁၈၊ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက အဖမ်းခံခဲ့ရတာ ဖြစ်တယ်။ အဲဒီနေ့မှာ ခါဘရော့မြို့က ညီအစ်ကို၊ ညီအစ်မ အယောက် ၅၀ ကျော်ဟာ ကော်ဖီဆိုင်တစ်ခုကို ငှားပြီး အတူတကွ စုဆုံပေါင်းသင်းနေကြတာ ဖြစ်တယ်။ ဘာသာရေးအစည်းအဝေး လုပ်နေကြတာ မဟုတ်ဘူး။ သူတို့စုဆုံပြီး မကြာမီအချိန်မှာ ရဲတွေ၊ စုံစမ်းစစ်ဆေးရေး အရာရှိတွေ ရောက်လာပြီး အဲဒီမှာ ရှိနေသူတွေကို ဖမ်းဆီးလိုက်ကြတယ်။ ညီအစ်ကို ကင်၊ ပိုလီဗိုဒိုဗ်နဲ့ ညီအစ်ကို ဗစ်တာလီ ဇာတ်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ နှစ်လကျော် ချုပ်နှောင်ထားလိုက်တယ်။ ပြီးတဲ့နောက် လအတော်ကြာ နေအိမ်အကျယ်ချုပ်နဲ့ ထားတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ညီအစ်ကို ကင်နဲ့ ပိုလီဗိုဒိုဗ် နှစ်ယောက်ကို စုဆုံပွဲမှာ ပါဝင်တဲ့အမှုနဲ့ စီရင်ချက်ချမှာဖြစ်တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ညီအစ်ကို ကင်၊ ညီအစ်ကို ပိုလီဗိုဒိုဗ်၊ ညီအစ်ကိုဇာတ် အပါအဝင် စုဆုံပွဲတက်ရောက်တဲ့ ညီအစ်မ သုံးယောက်ကိုလည်း တရားစွဲဆိုထားပါတယ်။ ဒီအမှုမှာ ညီအစ်ကို ကင်နဲ့ ပိုလီဗိုဒိုဗ်ကို စုဆုံပွဲ စီစဉ်သူအဖြစ် တရားစွဲဆိုထားတာဖြစ်တယ်။ ဒီအမှုအတွက် ဘယ်တော့ စီရင်ချက်ချမယ်ဆိုတာ မသိရသေးပါ။

ညီအစ်ကို ကင်နဲ့ ပိုလီဗိုဒိုဗ်ဟာ တစ်ချိန်တည်းမှာ အမှုနှစ်ခု ရင်ဆိုင်နေရတဲ့အတွက် ထူးခြားနေပါတယ်။ စုံစမ်းစစ်ဆေးသူတွေက အမှုနှစ်ခုကို မပေါင်းဖို့ ရွေးချယ်ခဲ့ကြတဲ့အတွက် ညီအစ်ကို ကင်နဲ့ ပိုလီဗိုဒိုဗ်ဟာ ခါဘရော့မြို့က တရားရုံးနှစ်ခုမှာ အမှုနှစ်ခု ရင်ဆိုင်နေကြရတယ်။

ညီအစ်ကို နှစ်ယောက်စလုံးက အိမ်ထောင်သည်တွေဖြစ်ပြီး သားသမီးတွေ ရှိတယ်။ ယေဟောဝါဘုရားက ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကိုတွေနဲ့ သူတို့မိသားစုတွေကို စမ်းသပ်မှုအောက် ဆက်သစ္စာရှိနိုင်ဖို့ သူတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် စောင့်ရှောက်ပေးမယ်လို့ ယုံကြည်ပါတယ်။—ဖိလိပ္ပိ ၄:၇