မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ။ ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာ ဒါလာဗားနဲ့ ညီအစ်မ ဒါယာ ဒါလာဗား

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၇ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ရုရှားတရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာ ဒါလာဗားနဲ့ ညီအစ်မ ဒါယာ ဒါလာဗားတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချ

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ရုရှားတရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာ ဒါလာဗားနဲ့ ညီအစ်မ ဒါယာ ဒါလာဗားတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်မှာ စဗာလို့စ် ခရိုင်တရားရုံး က ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့နဲ့ ညီအစ်မ ဗီနီရာ ဒါလာဗားတို့ရဲ့အယူခံကို ပယ်ချလိုက်တယ်။ သူတို့အပေါ်ချမှတ်ထားတဲ့ ဆိုင်းငံ့ထောင်ဒဏ် ပြန်လည်အတည်ဖြစ်သွားပါပြီ။ ဒါပေမဲ့ လောလောဆယ် ထောင်ထဲသွားစရာမလိုပါ။ ညီအစ်မ ဒါယာ ဒါလာဗားအမှုကိုတော့ ပလပ်လိုက်ပါတယ်။ စွဲချက်တင်ခံရတုန်းက အသက် ၁၈ နှစ်အောက်ဖြစ်လို့ အရွယ်မရောက်သူများအတွက် ကာလစည်းကမ်းသတ်ဥပဒေအရ စည်းကမ်းသတ်ကာလ ကျော်လွန်သွားလို့ပါ။

ညီအစ်ကို အလက်ဆန်ဒါ ပရီယန်နီကော့၊ ညီအစ်မ ဗီနီရာ ဒါလာဗားနဲ့ ညီအစ်မ ဒါယာ ဒါလာဗားတို့ကို တရားသေလွှတ်ဖို့ ဆုံးဖြတ်ထားတဲ့ စီရင်ချက်ကို ၂၀၂၃ ခုနှစ်၊ မတ် ၁၄ ရက်မှာ ရုရှားတရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။ အမှုကို အောက်အယူခံရုံးဆီ ပြန်လွှဲမှာဖြစ်တယ်။

အလက်ဆန်ဒါ၊ ဗီနီရာနဲ့ ဗီနီရာရဲ့ သမီး ဒါယာကို အပြစ်ရှိကြောင်း ချမှတ်ထားတဲ့ စီရင်ချက်ကို ၂၀၂၂၊ မတ် ၁၅ ရက်မှာ စဗာလို့စ် ခရိုင်တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ သုံးယောက်စလုံးဟာ နောက်အမှုတစ်ခု မှာတော့ ပြစ်ဒဏ်စီရင်ခံရနိုင်တယ်။

၂၀၂၀၊ ဇန်နဝါရီ ၂၇ ရက်မှာ ကာပင်မြို့တရားရုံးက အလက်ဆန်ဒါ၊ ဗီနီရာနဲ့ ဒါယာတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။ သူတို့သုံးယောက်ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ၊ နှစ်နှစ်၊ တစ်နှစ် အသီးသီး ချမှတ်လိုက်တယ်။ လောလောဆယ် ထောင်ထဲမှာနေစရာ မလိုပေမဲ့ ပြစ်ဒဏ်ကာလအတွင်း ခံဝန်ချုပ်နဲ့ နေရမှာဖြစ်တယ်။ ဒီစီရင်ချက်အပေါ် သူတို့ အယူခံဝင်ပါမယ်။