မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၄၊ ၂၀၂၀
ရုရှား

ရုရှားအယူခံရုံးက ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆို၊ အမှုပြန်လည်စစ်ဆေးဖို့ မူလတရားရုံးကို အမိန့်ချ

ရုရှားအယူခံရုံးက ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆို၊ အမှုပြန်လည်စစ်ဆေးဖို့ မူလတရားရုံးကို အမိန့်ချ

၂၀၂၀၊ စက်တင်ဘာ ၄ ရက်မှာ ကာ့စ်ခ်ပြည်နယ်တရားရုံးက ဇွန် ၂၃ ရက်၊ လူဂို့ခရိုင်တရားရုံး စီရင်ချက်ဖြစ်တဲ့ ညီအစ်ကို ဒဲနစ္စခရစ်တန်ဆန်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ခွင့်ပြုချက်ကို ပယ်ဖျက်လိုက်တယ်။ ကာ့စ်ခ်ပြည်နယ်တရားရုံးက လူဂို့ခရိုင်တရားရုံးကို နောက်တရားသူကြီးတစ်ဦးနဲ့ အမှုပြန်လည်စစ်ဆေးဖို့ အမိန့်ချလိုက်တယ်။ အမှုပြန်လည်စစ်ဆေး ကြားနာမယ့်နေ့ကို မသတ်မှတ်သေးပါ။