မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၅၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး၊ အသက် ၇၃ နှစ်အရွယ် ညီအစ်မတစ်ဦးတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်

ရုရှားတရားရုံးက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး၊ အသက် ၇၃ နှစ်အရွယ် ညီအစ်မတစ်ဦးတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်

၂၀၂၀၊ စက်တင်ဘာ ၂၅ ရက်မှာ ကမ်ချက်ကာဒေသ၊ ရီလီဇိုစကီ ခရိုင်တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး ဆန်ဇ်ဟာနာ၊ ညီအစ်မ ဗီရာ ဇိုလိုတိုဗာတို့ရဲ့ အမှုကို စီရင်ချက်ချလိုက်ပါတယ်။ အစိုးရရှေ့နေက ညီအစ်ကိုနဲ့ ညီအစ်မ ဘဇာနို့ဗ်ကို ရူဘယ် ၆၀၀,၀၀၀ (ယူအက်ဒေါ်လာ ၇,၈၅၀)၊ ညီအစ်မ ဇိုလိုတိုဗာကို ရူဘယ် ၄၀၀,၀၀၀ (ယူအက်ဒေါ်လာ ၅,၁၉၅) ဒဏ်ငွေ ပေးဆောင်ဖို့ အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက သူတို့ကို ကန့်သတ်ချက်တွေနဲ့ ခြောက်လနေပြီးတဲ့နောက် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။ ညီအစ်ကိုနဲ့ ညီအစ်မ ဘဇာနို့ဗ်၊ ညီအစ်မ ဇိုလိုတိုဗာတို့ဟာ ထောင်ဝင်စရာမလို၊ ဒဏ်ငွေဆောင်စရာ မလိုတော့တဲ့အတွက် ဝမ်းသာနေကြတယ်။