မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၂
ရုရှား

အသက် ၆၃ နှစ်အရွယ် ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်ကို အွန်လိုင်းနဲ့ အစည်းအဝေးတွေ၊ သီချင်းဆိုတာတွေ စီစဉ်ပေးလို့ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်

အသက် ၆၃ နှစ်အရွယ် ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်ကို အွန်လိုင်းနဲ့ အစည်းအဝေးတွေ၊ သီချင်းဆိုတာတွေ စီစဉ်ပေးလို့ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်

စီရင်ချက်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ခရာစနာဒါဒေသ၊ အဘင်စကီ ခရိုင် တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်လိုက်တယ်။ ဒါဟာ တရားရုံးချုပ်က ၂၀၁၇ မှာ အဖွဲ့အစည်းကို ပိတ်ပင်ပြီးနောက်ပိုင်း ယေဟောဝါသက်သေတစ်ဦးအပေါ် ချမှတ်တဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက်ပါပဲ။

ကိုယ်ရေးအကျဉ်း

အလက်ဆန်ဒါ အီဗာရှင်

  • မွေးဖွားတဲ့နှစ်- ၁၉၅၇ (ကတာ့ဗ်-အိုင်ဗင်နိုစကီ)

  • ဘဝအတ္ထုပ္ပတ္တိ- ပင်စင်မယူခင်အထိ တွင်ခုံကိုင်သူ၊ သစ်ခုတ်သမား၊ စက်ရုံ ဘေးကင်းရေး အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခဲ့တယ်။ ၁၉၇၄ မှာ ဇနီး ဂါလီနာနဲ့ လက်ထပ်တယ်။ သမီးနှစ်ယောက်၊ မြေး ရှစ်ယောက် ရှိတယ်

    အကြီးအကျယ် ဖျားနာပြီးနောက်မှာ ဘဝအဓိပ္ပာယ်အကြောင်း စဉ်းစားမိလာတယ်။ ခရစ်ဝင်ကျမ်း သုံးစောင်ကို တစ်ညထဲမှာ ဖတ်ပြီးတဲ့နောက် ကျမ်းစာ စလေ့လာခဲ့တယ်။ ၁၉၉၅ မှာ နှစ်ခြင်းခံတယ်

အမှုနောက်ကြောင်း

၂၀၁၅ ကတည်းက အဘင့်စ်မြို့မှာ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး တရားရေး ပြဿနာတွေ စတင်လာတယ်။ ဒေသခံ ယေဟောဝါသက်သေ ဘာသာရေး အဖွဲ့အစည်းကို “အစွန်းရောက်” အဖြစ် သတ်မှတ်ပြီး ပိတ်ပင်လိုက်တယ်။ ငါးနှစ်လောက် ကြာပြီးနောက် ၂၀၂၀၊ ဧပြီ ၂၃ မှာ ညီအစ်ကို အလက်ဆန်ဒါကို ရာဇဝတ်မှုနဲ့ တရားစွဲခဲ့တယ်။ အဲဒီ “ရာဇဝတ်မှု” ထဲမှာ ဗီဒီယို ချိတ်ဆက်ပြီး ဘာသာရေး လုပ်ဆောင်မှုတွေ၊ ဘုရားနိုင်ငံတော် သီချင်း ဆိုတာတွေ စီစဉ်ပေးတာ ပါဝင်တယ်။

အာဏာပိုင်တွေ အိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါ အလက်ဆန်ဒါနဲ့ ဂါလီနာ နှစ်ယောက်စလုံး စိုးရိမ်ပူပန်ပြီး သွေးတိုးသွားတယ်။ အိမ်ကို ရှာဖွေပြီး လအတန်ကြာတဲ့အခါ အလက်ဆန်ဒါရဲ့ ကားကို သိမ်းလိုက်ကြတယ်။ အဲဒီလို အခက်အခဲတွေကြား အလက်ဆန်ဒါကတော့ အပြုသဘောထား ဆက်ရှိနေတယ်။ တရားရုံး ကြားနာမှု နောက်ဆုံးအကြိမ်မှာ ညီအစ်ကို အလက်ဆန်ဒါက “ဒီလို တရားရင်ဆိုင်ရတာကို ကျွန်တော် မအံ့ဩပါဘူး။ ယေရှု ကြိုပြောထားပြီးသားပဲ။ မဿဲ ၁၀:၁၈ မှာ ‘ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကိုရော လူမျိုးခြားတွေကိုပါ သက်သေခံခွင့် ရလိမ့်မယ်’ လို့ ပြောထားတယ်။ ယေရှုရဲ့ စကားတွေက စိတ်ပျက်စေမယ့်အစား ပျော်ရွှင်စေတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း အသိအမှတ်ပြုသူအားလုံးအတွက် စောင့်ကြိုနေတဲ့ မျှော်လင့်ချက်အကြောင်း တရားရုံးတော်မှာ ပြောပြခွင့် ရလို့ပါ” ဆိုပြီး ပြောခဲ့တယ်။

ရုရှားနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ပြီးမြောက်နေတဲ့ သက်သေခံခြင်း လုပ်ငန်းကြီးမှာ အလက်ဆန်ဒါနဲ့ ဂါလီနာတို့လည်း ပါဝင်ကြွေးကြော်ခွင့် ရနေတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားတဲ့အတွက် သူတို့ ကောင်းချီး အလျှံပယ် ခံစားရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ယေရမိ ၁၇:၇