မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀
ရုရှား

ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင် ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရတာဟာ ၂၀၁၇ လုပ်ငန်း ပိတ်ပင်ချိန်ကစပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက် ဖြစ်

ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင် ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရတာဟာ ၂၀၁၇ လုပ်ငန်း ပိတ်ပင်ချိန်ကစပြီး အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက် ဖြစ်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ မှာ ခရာစနာဒါဒေသ၊ အဘင်စကီ ခရိုင် တရားရုံးက အသက် ၆၃ နှစ်အရွယ် ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်ကို ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်လိုက်တယ်။ ဒါဟာ ၂၀၁၇ မှာ အဖွဲ့အစည်း ပိတ်ပင်ခံရပြီးနောက်ပိုင်း ယေဟောဝါသက်သေတစ်ဦးအပေါ် ချမှတ်တဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက်ပါပဲ။

ညီအစ်ကို အလက်ဆန်ဒါဟာ ၂၀၂၀၊ ဧပြီ ၂၃ ကတည်းက ရာဇဝတ်မှုနဲ့ တရားစွဲခံရတယ်။ ဗီဒီယို ချိတ်ဆက်ပြီး ဘာသာရေး လုပ်ဆောင်မှုတွေ၊ ဘုရားနိုင်ငံတော် သီချင်း ဆိုတာတွေ စီစဉ်ပေးလို့ ဖြစ်တယ်။ တရားရုံး ကြားနာမှု နောက်ဆုံးအကြိမ်မှာ “ကျွန်တော့် ဘဝလမ်းစဉ်ဟာ ကျမ်းစာမူတွေပေါ် အခြေခံတယ်။ အဲဒီမူတွေမှာ အစွန်းရောက်တာ၊ မုန်းတီးတာ ဘာတစ်ခုမှ မရှိဘူး” ဆိုပြီး ကျမ်းစာ အခြေပြု ယုံကြည်ချက်အကြောင်း အခိုင်အမာ ထုချေတယ်။