မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး မယ်နီကို့ဗ်

၂၀၂၁၊ မတ် ၂၅
ရုရှား

နောက်ဆုံးအချက်အလက် | ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံရစဉ် “သာမန်ထက် ထူးကဲတဲ့” တန်ခိုးကို ယေဟောဝါ ပေးတယ်လို့ ညီအစ်ကို ဆာဂေး မယ်နီကို့ဗ် ပြောပြ

နောက်ဆုံးအချက်အလက် | ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံရစဉ် “သာမန်ထက် ထူးကဲတဲ့” တန်ခိုးကို ယေဟောဝါ ပေးတယ်လို့ ညီအစ်ကို ဆာဂေး မယ်နီကို့ဗ် ပြောပြ

၂၀၂၂၊ မေလ ၃ ရက်မှာ ပရီမိုရ် ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး မယ်နီကို့ဗ်ရဲ့ အယူခံကို ပယ်ချလိုက်တယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါ။

၂၀၂၂၊ ဖေဖော်ဝါရီ ၃ မှာ အာဆူရီစကီ၊ ပရီမိုရ် ခရိုင်တရားရုံးက ဆာဂေးကို ပြစ်ဒဏ် ချလိုက်တယ်။ ဆိုင်းငံ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရတယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေး မယ်နီကို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၃ (တီရာနီ၊ ပရီမိုရ် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ လက်သမား၊ မီးသတ်သမား၊ ငါးဖမ်းသမားနဲ့ အစောင့်အဖြစ် အလုပ်လုပ်တယ်။ ငယ်ငယ်က ဟော်ကီနဲ့ ဘော်လီဘော ကစားရတာ နှစ်သက်တယ်။ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ၂၀၀၃ မှာ ဆာဆူရီစကီကို ပြောင်းရွှေ့ပြီးနောက် နှစ်ခြင်းခံတယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ ဇွန်လမှာ ညီအစ်ကို ဆာဂေး မယ်နီကို့ဗ် ရာဇဝတ်မှုနဲ့ တရားစွဲခံရတယ်။ စိတ်ဝင်စားသူ တစ်ယောက်နဲ့ ကျမ်းစာအကြောင်း ဆွေးနွေးနေတုန်း အာဏာပိုင်တွေက ဆာဂေးကို ဖမ်းဆီးထိန်းသိမ်းပြီး အိမ်ထဲ ဝင်ရောက်ရှာဖွေတယ်။ လက်တော့ပ်နဲ့ ဖုန်းကို သိမ်းယူသွားတယ်။

လေးလကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နေအိမ် အကျယ်ချုပ်နဲ့ ၁၄၅ ရက် နေခဲ့ရတယ်။ တစ်ခါတလေ ဆက်ခံရပ်နိုင်ဖို့ ခွန်အား မရှိဘူးလို့ ခံစားရပေမဲ့ အဲဒီလို အချိန်မျိုးမှာ ၁ ကောရိန္သု ၁၀:၁၃ မှာ ပါတဲ့ စကားတွေကို ပြန်စဉ်းစားတဲ့အခါ ချက်ချင်း ပြန်စိတ်သက်သာလာတယ်လို့ ဆာဂေး ပြောတယ်။ “ဒီစမ်းသပ်မှုတွေကို ယေဟောဝါ ခွင့်ပြုတယ်ဆိုမှတော့ ကိုယ် ခံနိုင်လို့ပဲ ဖြစ်မယ်ဆိုတာ သိလာတယ်။ ယေဟောဝါဘုရားက ကျွန်တော့်ကို ‘သာမန်ထက် ထူးကဲတဲ့ တန်ခိုး’ ပေးခဲ့တယ်” လို့ ပြောတယ်။—၂ ကောရိန္သု ၄:၇

၂၀၂၀၊ ဖေဖော်ဝါရီ ၂၅ မှာ ဆာဂေး နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်တယ်။ ဒါပေမဲ့ ခရီးသွားခွင့် ပိတ်ပင်ခံရဆဲ ဖြစ်တယ်။

တရားရုံးရဲ့ စီရင်ချက်ကို စောင့်နေစဉ်အတွင်း ညီအစ်ကို ဆာဂေးနဲ့ ရုရှားမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေအတွက် ယေဟောဝါဟာ ‘ကူညီမစရှင်၊ ဒိုင်းလွှား’ အဖြစ် ဆက်ရှိပေးမယ်ဆိုတာ ကျွန်တော်တို့အားလုံး ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၁၅:၁၁