မာတိကာဆီ ကျော်သွား

ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကို

၂၀၂၁၊ မတ် ၂၆
ရုရှား

ဘုရားကို ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်လို့ အသက် ခုနစ်ဆယ့်ရှစ်နှစ်အရွယ် ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကို “အစွန်းရောက်” အဖြစ် တရားစွဲခံရ

ဘုရားကို ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်လို့ အသက် ခုနစ်ဆယ့်ရှစ်နှစ်အရွယ် ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကို “အစွန်းရောက်” အဖြစ် တရားစွဲခံရ

နောက်ဆုံးအချက်အလက် | ရုရှား တရားရုံးက ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကိုကို ပြစ်ဒဏ်ချ

၂၀၂၁၊ ဇွန် ၂ မှာ အာမူရ်ဒေသ၊ ဇီရာ ခရိုင်တရားရုံးက ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကိုကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ဒီတစ်ကြိမ် ထောင်ထဲ ဝင်စရာ မလိုပါဘူး။

စီရင်ချက် ချမယ့်အချိန်

အာမူရ်ဒေသ၊ ဇီရာ ခရိုင်တရားရုံးက ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကိုရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ a အစိုးရ ရှေ့နေတွေက ဘယ်လို ပြစ်ဒဏ်ပေးရမလဲဆိုတာ တောင်းဆိုထားခြင်း မရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ဗာစီလီ ရက်ဇနီချန်ကို

  • မွေးဖွားတဲ့နှစ်- ၁၉၄၂ (မြူရိုဗ့်ခါ၊ ပရီမိုရ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ- မွေးချင်း ငါးယောက်မှာ အငယ်ဆုံး ဖြစ်တယ်။ လယ်ထွန်စက်မောင်း သင်တန်းဆင်း ဖြစ်တယ်။ သင်္ဘော ရေကြောင်းလမ်းညွှန်နဲ့ စက်ပြင်ဆရာအဖြစ် လုပ်ကိုင်တယ်။ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်မှုထမ်းပြီးနောက် သင်္ဘောရေကြောင်းပြ လုပ်ပြီး နောက်ပိုင်းမှာ ကပ္ပတိန် ဖြစ်လာတယ်။ “ဆိုဗီယက် ပြည်ထောင်စု ဝါရင့်လုပ်သား” ဂုဏ်ထူးဆောင် ဘွဲ့လည်း ရထားတယ်

    ၁၉၆၉ မှာ ဗာလင်တီနာနဲ့ လက်ထပ်တယ်။ သားသုံးယောက် ရှိတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဇနီး ဗာလင်တီနာကတစ်ဆင့် ကျမ်းစာအမှန်တရားအကြောင်း သိလာတယ်။ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်အကြောင်း သိလာပြီးနောက် ထက်သန်တဲ့ ကျမ်းစာသင်သား ဖြစ်လာတယ်။ ၁၉၉၆ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ ၂၀၁၆ မှာ ဇနီး ဆုံးပါးသွားတယ်

အမှုနောက်ကြောင်း

၂၀၁၉၊ မတ် ၂၁ မှာ ဇီရာမြို့က ရဲအရာရှိတွေဟာ ညီအစ်ကို ဗာစီလီ ရက်ဇနီချန်ကိုရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေကြတယ်။ လက်ပ်တော့၊ ဖုန်း၊ ကိုယ်ရေးအချက်အလက်တွေ သိမ်းသွားတယ်။ အဲဒီအချိန်ကစပြီး ဗာစီလီဟာ ရုရှားနိုင်ငံရဲ့ “အစွန်းရောက်” စာရင်းထဲ ထည့်သွင်းခံရပြီး ဘဏ်အကောင့်တွေ ပိတ်ခံရတယ်။ ခရီးသွားခွင့်လည်း ပိတ်ပင်ခံရတယ်။

ဗာစီလီဟာ ယေဟောဝါဘုရားရဲ့ ထောက်မမှုကို ဆက်မှီခိုအားထားတယ်။ နေ့စဉ်ကျမ်းချက် ဖတ်တာ၊ ကျမ်းစာ ဖတ်တာ စတဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေက စိတ်တည်ငြိမ်ဖို့ ကူညီပေးတယ်။ ခရစ်ယာန် ညီအစ်ကို ညီအစ်မတွေ ပြတဲ့ မေတ္တာအတွက်လည်း အထူးကျေးဇူးတင်တယ်။

“ကျွန်တော့်အိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးပြီး နောက်တစ်နေ့မှာ ဒေသခံ အသင်းတော်က ညီအစ်ကို ညီအစ်မတွေ ကျွန်တော့်ဆီ လာလည်တယ်။ သူတို့ထဲက တချို့ရဲ့ အိမ်တွေလည်း ရှာဖွေခံရတယ်။ နှစ်ရက်ကြာပြီးနောက် အနီးအနားမြို့တွေက ညီအစ်ကိုများစွာ လာလည်ကြတယ်။ ဒီလို လာလည်လို့ သူတို့ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးနိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ သူတို့ရဲ့ လည်ပတ်မှုက ကျွန်တော့်ကို သိပ်အားရှိစေတယ်။ အဲဒီအကြောင်း ပြန်စဉ်းစားလိုက်တိုင်း မျက်ရည်ကျတုန်းပဲ။ ဒီအဖြစ်အပျက်တွေက ယေဟောဝါဘုရားနဲ့ ကျွန်တော့်ဆက်ဆံရေးကို ပိုခိုင်ခံ့လာစေပြီး ဘုရားနဲ့ ပိုရင်းနှီးလာတယ်” လို့ ဗာစီလီ ပြောတယ်။

ဟီဘရူး ၁၃:၅ မှာ ပါတဲ့ စကားတွေကနေ ဗာစီလီ နှစ်သိမ့်မှုနဲ့ ခွန်အား ရတယ်။ “‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ ဆိုတဲ့ ယေဟောဝါရဲ့ ကတိတွေကို ဆက်ယုံကြည်ကိုးစားဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” လို့ ဗာစီလီ ပြောတယ်။ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ညီအစ်ကို ညီအစ်မတွေကို ယေဟောဝါ ဆက်ကူညီထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။

a စီရင်ချက် ချမယ့်နေ့ကို အတိအကျ မသိရသေးပါ။