မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဗ်ဂျနီ ယေဂေါရို့ဗ်

ဧပြီ ၁၊ ၂၀၂၁ | နောက်ဆုံးအချက်အလက်–၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ညီအစ်ကို ယေ့ဗ်ဂျနီ ယေဂေါရို့ဗ်ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ရုရှား တရားရုံး ချိုးဖောက်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ညီအစ်ကို ယေ့ဗ်ဂျနီ ယေဂေါရို့ဗ်ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ရုရှား တရားရုံး ချိုးဖောက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘီရိုဘစ်ဇန်ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဗ်ဂျနီ ယေဂေါရို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခဲ့တယ်။ လောလောဆယ် သူ ထောင်ထဲဝင်စရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ယေ့ဗ်ဂျနီကို အပြစ်ရှိကြောင်းချမှတ်ခဲ့တဲ့ စီရင်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။ အကြောင်းရင်းကတော့ တရားစီရင်ရေးနယ်မြေ ၉ အယူခံတရားရုံးက ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးဆီ အမှုကို ပြန်လွှဲအပ်ပြီး ဒုတိယအကြိမ် အယူခံဝင်ခွင့်ပြုဖို့ စီရင်ချက်ချခဲ့လို့ဖြစ်တယ်။ အမှုကို ပြန်လည်စစ်ဆေးဖို့ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘီရိုဘစ်ဇန်ခရိုင်တရားရုံးဆီ လွှဲအပ်မှာဖြစ်တယ်။

၂၀၂၁၊ နိုဝင်ဘာ ၂၅ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ယေ့ဗ်ဂျနီရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ မူလစီရင်ချက် အကျိုးသက်ရောက်ဆဲဖြစ်ပါတယ်။ လောလောဆယ်တော့ ထောင်ထဲ ဝင်စရာ မလိုပါ။

၂၀၂၁၊ ဇွန် ၂၁ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ယေ့ဗ်ဂျနီကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ကိုယ်ရေးအကျဉ်း

ယေ့ဗ်ဂျနီ ယေဂေါရို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၁ (ဘိုင်ရိုဘစ်ဇန်)

  • ဘဝအတ္ထုပ္ပတ္တိ။ အမေနဲ့ အဘွားတို့ လက်ပေါ်မှာ ကြီးပြင်းလာတယ်။ လျှပ်စစ်အင်ဂျင်နီယာသင်တန်း တက်တယ်။ သော့ပြင်ဆရာ လုပ်တယ်။ စာရေးစာဖတ် ဝါသနာပါတယ်။ ဝတ္ထုတစ်အုပ်၊ ကဗျာတစ်အုပ် ထုတ်ဖူးတယ်။ ၂၀၀၅ မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံတယ်။ ၂၀၁၉၊ စက်တင်ဘာမှာ ဆီနီရာနဲ့ လက်ထပ်တယ်။ ၂၀၂၀၊ ဩဂုတ်မှာ သားတစ်ယောက် ရတယ်

အမှုနောက်ကြောင်း

၂၀၁၈ ခုနှစ်၊ မေလမှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေဟာ ဘိုင်ရိုဘစ်ဇန်ဒေသက နေအိမ်တွေကို ဝင်ရောက်ရှာဖွေကြတယ်။ ဘာသာရေး ယုံကြည်ချက်အတိုင်း လုပ်ဆောင်တာ၊ ကျမ်းစာဖတ်တာဟာ “ပြစ်မှု” ကျူးလွန်တာဖြစ်တယ်ဆိုပြီး မင်္ဂလာ မဆောင်ခင် ယေ့ဗ်ဂျနီ တရားစွဲခံရတယ်။ ခရီးသွားခွင့် မရှိဘူး။ ယေ့ဗ်ဂျနီရဲ့ မိခင် လာရီဆာ အာတာမိုနိုဗာကိုလည်း မင်္ဂလာပွဲ ပြီးပြီးချင်း ပြစ်မှုနဲ့ တရားစွဲတယ်။ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ၂၀၁၉၊ ဒီဇင်ဘာလမှာ ယေ့ဗ်ဂျနီအမှုကို စတင် စစ်ဆေးတယ်။

ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်လို့ ခံစားရကြောင်း ယေ့ဗ်ဂျနီ ပြောတယ်။ “အခက်ခဲဆုံး အချိန်တွေမှာ ယေဟောဝါက စိတ်ငြိမ်သက်မှုသာမက ‘သာမန်ထက် ထူးကဲတဲ့ တန်ခိုး’ ကိုပါ ပေးသနားတယ်” လို့ ပြောတယ်။—၂ ကောရိန္သု ၄:၇

ယေဟောဝါ ကူညီမှာ မှန်ပေမဲ့ ရှေ့မှာကြုံရမယ့်အရာတွေအတွက် စိတ်ကို ပြင်ဆင်ထားရမယ်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှ ဖြစ်မယ်ဆိုတာ ယေ့ဗ်ဂျနီ သိတယ်။ “ဘယ်အခြေအနေရောက်ရောက် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲနေဖို့ အရေးကြီးဆုံးပါ” လို့ ပြောတယ်။

“အို ယေဟောဝါ၊ ကိုယ်တော်က စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်ကို ကြားလိမ့်မယ်။ သူတို့စိတ်နှလုံးကို ခိုင်ခံ့စေပြီး သူတို့စကားကို အာရုံစိုက်ပေးလိမ့်မယ်” ဆိုတဲ့ ဆာလံ ၁၀:၁၇ ပါ ကျမ်းစကားက နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရတဲ့ ယေ့ဗ်ဂျနီနဲ့ ဆီနီရာတို့ အပါအဝင် ရုရှားက ညီအစ်ကို/မအားလုံးကို အားရှိစေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။