၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၇ ရက်
ရုရှား
နောက်ဆုံးအချက်အလက် | ခရာစနာဒါဒေသမှာ အမြန် ရုံးတင်စစ်ဆေးခံရပြီး အပြစ်ရှိကြောင်း စီရင်ချက်ချခံရတဲ့ သက်သေခံတွေအနက် ညီအစ်ကို ဗာစီလီ မီလက်ရှ်ကိုဟာ လေးယောက်မြောက် ဖြစ်
၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်မှာ တရားစီရင်ရေး နယ်မြေ ၄ အယူခံတရားရုံးက ညီအစ်ကို ဗာစီလီ မီလက်ရှ်ကိုရဲ့ ဒုတိယအယူခံကို ပယ်ချလိုက်တယ်။ သူ ထောင်ထဲမှာ ဆက်နေရတယ်။
အချိန်ပြဇယား
၂၀၂၁၊ အောက်တိုဘာ ၇ မှာ ခရာစနာဒါဒေသ တရားရုံးက ညီအစ်ကို မီလက်ရှ်ကိုရဲ့ အယူခံကို ပယ်ချလိုက်တယ်။ မူလ ချမှတ်ထားတဲ့ ထောင်ဒဏ် အတည်ဖြစ်သွားပါပြီ။
ဩဂုတ် ၁၁၊ ၂၀၂၁
ခရာစနာဒါဒေသ၊ အဘင်စကီခရိုင် တရားရုံးက ဗာစီလီကို နှစ်ရက် ရုံးတင်စစ်ဆေးပြီးတဲ့နောက် အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။ တရားခွင်ကနေ ထောင်ကို ခေါ်သွားကြတယ်။ ဒီတရားရုံးရဲ့ အဆောတလျင် စစ်ဆေးမှုကို ခံခဲ့ရပြီး အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခံရတဲ့ သက်သေခံတွေထဲမှာ ဗာစီလီက လေးယောက်မြောက် ဖြစ်တယ်။ a
သြဂုတ် ၁၀၊ ၂၀၂၁
ဗာစီလီကို ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေးတယ်။ တရားသူကြီး မေးတဲ့အခါ ဗာစီလီက မိမိဟာ ယေဟောဝါသက်သေ ဖြစ်ကြောင်း သတ္တိရှိရှိ ထွက်ဆိုတယ်။
ဇွန် ၂၄၊ ၂၀၂၁
ဗာစီလီနဲ့ ညီအစ်ကို အလက်ဇန်ဒါ အီဗာရှင်တို့ အရင်က စကားပြောခဲ့ကြတာကို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်အဖြစ် စာရင်းထည့်ကြတယ်။ “ယေဟောဝါဘုရားကို အမှုဆောင်ခြင်း” အကြောင်း ဘာသာရေး ဆွေးနွေးမှု ဖြစ်တယ်လို့ အစိုးရ ရှေ့နေက သတ်မှတ်တယ်။
ဧပြီ ၁၂၊ ၂၀၂၁
“ဘာသာရေး စာပေတွေ အခြေခံပြီး ဟောပြောခြင်း၊ ဟောပြောတာကို နားထောင်ခြင်း၊” တခြားလုပ်ဆောင်မှုတွေ အပါအဝင် “ဘာသာရေး စာအုပ်အကြောင်း စုဆုံဆွေးနွေးမှုမှာ ပါဝင်ခြင်း” အမှုတွေနဲ့ ဗာစီလီကို စွဲချက်တင်ကြတယ်။
ဧပြီ ၇၊ ၂၀၂၁
မနက် ခြောက်နာရီခွဲမှာ လက်နက်ကိုင် သုံးယောက်၊ စစ်ကြောရေး လေးယောက်၊ အေးဂျင့် နှစ်ယောက်က ဗာစီလီနဲ့ ဇိုရာ မီလက်ရှ်ကိုတို့ရဲ့ အိမ်ထဲ အတင်း ဝင်ရောက်ရှာဖွေကြတယ်။ ဗာစီလီကို စစ်ကြောရေးဆီ ဖမ်းခေါ်သွားတယ်။ စစ်ကြောသူတွေက ဗာစီလီကို အိမ်ရှေ့မှာ၊ အရင်တုန်းက ညီအစ်ကိုတွေ စုဝေးဝတ်ပြုကြတဲ့ အဆောက်အအုံရှေ့မှာ ဓာတ်ပုံရိုက်ယူကြတယ်။ ဒီဓာတ်ပုံတွေကို “ရာဇဝတ်မှု” ကျူးလွန်တဲ့ သက်သေအဖြစ် သုံးကြတယ်။ ဗာစီလီကို ဒီဒေသက မထွက်ခွာဖို့ အမိန့်ထုတ်တယ်။
ကိုယ်ရေးအကျဉ်း
ရုရှားက ညီအစ်ကို/မတွေကို ခပ်မြန်မြန် ရုံးတင်စစ်ဆေးပြီး နှိပ်စက်နေတာဟာ “သတင်းဆိုးတွေ” ဖြစ်တယ်။ ဗာစီလီနဲ့ မိသားစု မယိမ်းယိုင်ဘဲ “ယေဟောဝါကို ယုံကြည်ကိုးစား” နေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဆာလံ ၁၁၂:၇၊ ၈။
a ၂၀၂၁၊ မတ် ၃၀ မှာ ညီအစ်ကို အိုလက် ဒန်နီလော့ဗ်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်တယ်။ ၂၀၂၁၊ ဖေဖော်ဝါရီမှာ ညီအစ်ကို အလက်ဆန်ဒါ အီဗာရှင်ကို ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်တယ်။ ၂၀၂၁၊ ဧပြီ ၆ မှာ ညီအစ်ကို အလက်ဇန်းဒါ ရှရဘီနားကို ထောင်ဒဏ် သုံးနှစ် ချမှတ်တယ်။