မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို မက်ရတ် အက်ဘဒူဂယ်လီမို့၊ အာရ်စင် အက်ဘဒူလိ၊ အန်တန် ဒယ်ဂလိ၊ ညီအစ်မ မာရီယာ ခါရ်ပါဗာ

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၀ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် စီရင်ချက်ချ | ဒါဂစ္စတန်က ညီအစ်ကို သုံးယောက်နဲ့ ညီအစ်မ တစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ယေဟောဝါ ထောက်မ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ် စီရင်ချက်ချ | ဒါဂစ္စတန်က ညီအစ်ကို သုံးယောက်နဲ့ ညီအစ်မ တစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ယေဟောဝါ ထောက်မ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ မကာ့ချ်ကလာ၊ ကီရိုဗက်စကီ ခရိုင်တရားရုံးက ညီအစ်ကို မက်ရတ် အက်ဘဒူဂယ်လီမို့၊ ညီအစ်ကို အာရ်စင် အက်ဘဒူလိ၊ ညီအစ်ကို အန်တန် ဒယ်ဂလိ၊ ညီအစ်မ မာရီယာ ခါရ်ပါဗာတို့ရဲ့ အမှုကို စီရင်ချက် ချလိုက်တယ်။ သူတို့ကို ခြောက်နှစ်ကနေ ခြောက်နှစ်ခွဲအထိ ဆိုင်းငံ့ထောင်ဒဏ် အသီးသီး ချမှတ်ခံရတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. မေ ၂၇၊ ၂၀၂၀

    ၃၆၂ ရက်ကြာပြီးတဲ့နောက် မက်ရတ်၊ အာရ်စင်၊ အန်တန်နဲ့ မာရီယာတို့ကို အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တယ်။

  2. ဇွန် ၄၊ ၂၀၁၉

    မကာ့ချ်ကလာ၊ ဆိုဗက်စကီ ခရိုင်တရားရုံးက လေးယောက်စလုံးကို အချုပ်ထောင်ဆီ ပို့လိုက်တယ်။

  3. ဇွန် ၁၊ ၂၀၁၉

    FSB လုံခြုံရေးအရာရှိတွေ၊ ရုရှား လျှို့ဝှက်ရဲတွေဟာ ဒါဂစ္စတန်တစ်ခွင်က ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၃ လုံးကို ဝင်ရောက်စီးနင်းတယ်။

  4. မေ ၂၇၊ ၂၀၁၉

    ဒါဂစ္စတန် FSB ရုံးက မက်ရတ်၊ အာရ်စင်၊ အန်တန်၊ မာရီယာတို့ကို ပြစ်မှုနဲ့ အမှု ဖွင့်တယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါ ဘုရားသခင်ဟာ မိမိရဲ့ လူမျိုးကို ကာကွယ်၊ ထောက်မဖို့ နာမတော်နဲ့အညီ လိုရင် လိုသလို ဖြစ်လာမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ထွက်မြောက်ရာ ၃:၁၄