မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆီ ခါဘာရို့ဗ်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ထောင်ဒဏ်ချမှတ်ခံရ | ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းက ညီအစ်ကို အလက်ဆီ ခါဘာရို့ဗ်ကို ရဲစွမ်းသတ္တိရှိဖို့ ကူညီပေး

နောက်ဆုံးအချက်အလက် | ထောင်ဒဏ်ချမှတ်ခံရ | ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းက ညီအစ်ကို အလက်ဆီ ခါဘာရို့ဗ်ကို ရဲစွမ်းသတ္တိရှိဖို့ ကူညီပေး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှာ ပါစကော့ဒေသ၊ ဖေါခါစကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆီ ခါဘာရို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် နှစ်နှစ်နဲ့ ခြောက်လ ချမှတ်လိုက်တယ်။ အစောပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရရှေ့နေက အယူခံဝင်တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်။ ဒါက ညီအစ်ကို အလက်ဆီ တတိယအကြိမ် အမှုရင်ဆိုင်ရခြင်းပါ။ သူ့ကို တရားရုံးကနေ ချက်ချင်း ဖမ်းခေါ်သွားကြတယ်။

၂၀၂၂ ခုနှစ်၊ ဇွန် ၂၇ ရက်မှာ ပါစကော့ဒေသ၊ ဖေါခါစကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆီ ခါဘာရို့ဗ်ကို အပြစ်မရှိကြောင်း စီရင်ချက်ချလို့ ပြစ်မှုကနေ ကွင်းလုံးကျွတ် လွတ်သွားတယ်။

အချိန်ပြဇယား

  1. ၂၀၂၁၊ နိုဝင်ဘာ ၂၆ မှာ ပါစကော့ဒေသ၊ ဖေါခါစကီ ခရိုင်တရားရုံးက အလက်ဆီရဲ့ အယူခံကို သုံးသပ်ခဲ့တယ်။ အမှုကို မူလတရားရုံးဆီ ပြန်လွှဲအပ်လိုက်ပြီး နောက်တရားသူကြီးတစ်ဦးကို ကြားနာစေတယ်။ လောလောဆယ် သူ ထောင်ထဲ ဝင်စရာ မလိုပါ။

  2. စက်တင်ဘာ ၇၊ ၂၀၂၁

    ပါစကော့ဒေသ၊ ဖေါခါစကီ ခရိုင်တရားရုံးက အလက်ဆီကို ဆိုင်းငံ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။

  3. အောက်တိုဘာ ၂၉၊ ၂၀၂၀

    အလက်ဆီကို ပြစ်မှုနဲ့ အမှုဖွင့်တယ်။

  4. ဩဂုတ် ၂၈၊ ၂၀၂၀

    အလက်ဆီကို “ဘာသာရေး ဝတ်ပြုစည်းဝေးတွေ လုပ်ဆောင်မှု” နဲ့ တရားစွဲတယ်။ အဲဒီလုပ်ဆောင်မှုမှာ ‘ကိုယ့်ယုံကြည်ချက်အကြောင်း ပြောဆိုခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ကျမ်းစာအကြောင်း ဆွေးနွေးခြင်း၊ ဘာသာရေး သီချင်းတွေ သီဆိုခြင်း’ ပါဝင်တယ်။

  5. ဖေဖော်ဝါရီ ၇၊ ၂၀၂၀

    အလက်ဆီကို ဒုတိယအကြိမ် စစ်ကြောမေးမြန်းတယ်။ ၂၀၁၈ ခုနှစ်က အလက်ဆီ ဖုန်းပြောတာတွေကို ကြားဖြတ်နားထောင်၊ အသံဖမ်းထားမှန်း အဲဒီအချိန်မှာ သိလိုက်ရတယ်။

  6. ဇန်နဝါရီ ၃၁၊ ၂၀၂၀

    အလက်ဆီကို ပြစ်မှုနဲ့ စွဲချက်တင်ပြီး ကန့်သတ်ချက်တွေနဲ့ နေရတယ်။

  7. မေ ၂၄၊ ၂၀၁၉

    အလက်ဆီက ပါစကော့ဒေသ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိဆီ စာတင်တယ်။ မိမိဟာ ပြစ်မှုကျူးလွန်သူ မဟုတ်ကြောင်း၊ ယုံကြည်ကိုးကွယ်သူသာ ဖြစ်ကြောင်း စာထဲမှာ ရှင်းပြတယ်။ စုံစမ်းစစ်ဆေးရေး အရာရှိကလည်း အလက်ဆီဟာ လွတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်၊ မိမိရဲ့ ယုံကြည်ချက်ကို ကျင့်သုံးနိုင်ခွင့် ရှိကြောင်း စာပြန်တယ်။

  8. ဧပြီ ၃၊ ၂၀၁၉

    အလက်ဆီရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေပြီး ပိုင်ဆိုင်ရာတွေကို သိမ်းယူသွားတယ်။ အရာရှိတွေက စစ်ဆေးမေးမြန်းကြတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက မိမိရဲ့ သစ္စာရှိသူတွေကို “ရဲစွမ်းသတ္တိ ရှိ” အောင် ကူညီပေးမယ်ဆိုတာ အလက်ဆီလိုပဲ ကျွန်တော်တို့လည်း အကြွင်းမဲ့ ယုံကြည်တယ်။—ဆာလံ ၂၇:၁၄