မာတိကာဆီ ကျော်သွား

ဝဲမှ ယာ။ ညီအစ်မ နာဒက်ရှ်ဒါ အဲန်နွိုင်ကီနာ၊ လူးဗို့ဖ် ဂဲလာခ်ရှင်နိုဗာနဲ့ နိုင်းလျာ ခိုးဂေ။ ညီအစ်ကို ဗယ်လင်တင်း အော်စက်ချုခ်။ ညီအစ်မ နီနာ ပါ့ဂျ်၊ ရေစာ ယူစန်နိုးဗာနဲ့ ယာလေးနာ ဇေချုခ်

စက်တင်ဘာ ၂၃၊ ၂၀၂၁
ရုရှား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ညီအစ်မ ခြောက်ယောက်နဲ့ ညီအစ်ကို တစ်ယောက် အမှုရင်ဆိုင်ချိန်အတွင်း ယေဟောဝါနဲ့ ယုံကြည်သူချင်းတွေကို အားထား

နောက်ဆုံးအချက်အလက်—အယူခံ ပယ်ချခံရ | ညီအစ်မ ခြောက်ယောက်နဲ့ ညီအစ်ကို တစ်ယောက် အမှုရင်ဆိုင်ချိန်အတွင်း ယေဟောဝါနဲ့ ယုံကြည်သူချင်းတွေကို အားထား

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်မှာ ပရီမိုရ်ဒေသ တရားရုံးက ညီအစ်မ နာဒက်ရှ်ဒါ အဲန်နွိုင်ကီနာ၊ လူးဗို့ဖ် ဂဲလာခ်ရှင်နိုဗာ၊ နိုင်းလျာ ခိုးဂေ၊ နီနာ ပါ့ဂျ်၊ ရေစာ ယူစန်နိုးဗာနဲ့ ညီအစ်ကို ဗယ်လင်တင်း အော်စက်ချုခ်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲ သွားစရာမလိုပါ။

၂၀၂၂၊ ဇွန် ၁ ရက်မှာ ဗလာဒီဗော့စတော့မြို့၊ လီနင်စကီ ခရိုင်တရားရုံးက နာဒက်ရှ်ဒါ၊ လူးဗို့ဖ်၊ နိုင်းလျာ၊ နီနာ၊ ရေစာနဲ့ ဗယ်လင်တင်းတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်လိုက်တယ်။ ညီအစ်မတွေက ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံရတယ်။ ဗယ်လင်တင်းက ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတယ်။ အသက် ၈၇ နှစ်အရွယ် ညီအစ်မ ယာလေးနာ ဇေချုခ်က တော်တော်လေး နေမကောင်းဖြစ်နေတဲ့အတွက် သူ့ရဲ့အမှုကို ဆိုင်းငံ့ထားပါတယ်။

အချိန်ပြဇယား

  1. ဇန်နဝါရီ ၁၉၊ ၂၀၂၁

    ရာဇဝတ်မှုကို ဗလာဒီဗော့စတော့မြို့၊ လီနင်စကီ ခရိုင်တရားရုံးကို လွှဲပြောင်းလိုက်တယ်။

  2. နိုဝင်ဘာ ၁၂၊ ၂၀၁၉

    အစိုးရ ရှေ့နေရုံးဆီ အမှု ပြန်ရောက်လာတယ်။

  3. ဧပြီ ၅၊ ၂၀၁၉

    ဒီအမှုမှာပါတဲ့ တစ်ဦးတည်းသော ညီအစ်ကို ဗယ်လင်တင်းကို ၂၇၄ ရက် ဖမ်းချုပ်ထားပြီးနောက် ပြန်လွှတ်တယ်။ အိမ်အကျယ်ချုပ် ချထားတယ်။

  4. ဧပြီ ၁၉၊ ၂၀၁၈

    ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) အရာရှိတွေက သက်သေခံ ခုနစ်ဦးရဲ့ အိမ်ကို ရှာဖွေကြတယ်။

  5. ဧပြီ ၉၊ ၂၀၁၈

    ပရီမိုစကီဒေသ၊ FSB စုံစမ်းစစ်ဆေးရေး ဌာနက ဗယ်လင်တင်းနဲ့ ညီအစ်မ ခြောက်ယောက်ကို ရာဇဝတ်မှုနဲ့ စတင် တရားစွဲတယ်။

ကိုယ်ရေးအကျဉ်း

ရုရှားက ချစ်ရတဲ့ ညီအစ်ကို/မတွေကြောင့် ကျွန်တော်တို့ ဆက်ခွန်အားရနေကြတယ်။ သူတို့ဟာ “ယုံကြည်ခြင်း ရှိတဲ့အတွက် အသက်ဆက်ရှင်မယ့် လူစားမျိုး ဖြစ်” ကြတယ်။—ဟီဘရူး ၁၀:၃၉