မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆီ ရာရှော့ဖ်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ဘုရားရေးရာ လုပ်ဆောင်မှုတွေက စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်နိုင်အောင် ညီအစ်ကို အလက်ဆီ ရာရှော့ဖ်ကို ကူညီပေး

နောက်ဆုံးအချက်အလက် | ဘုရားရေးရာ လုပ်ဆောင်မှုတွေက စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်နိုင်အောင် ညီအစ်ကို အလက်ဆီ ရာရှော့ဖ်ကို ကူညီပေး

၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်မှာ တောမ်ဒေသတရားရုံးက ညီအစ်ကို အလက်ဆီ ရာရှော့ဖ်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်လိုက်ပါတယ်။ အခု ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ဖြစ်သွားပါပြီ။ သူ ထောင်ကနေ ချက်ချင်း လွတ်လာပါတယ်။

၂၀၂၂၊ ဇန်နဝါရီ ၁၉ ရက်မှာ တောမ်ဒေသ၊ ဆာဗာစကီ မြို့နယ်တရားရုံးက အလက်ဆီကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ ပြစ်ဒဏ် ချက်ချင်း အကျိုးသက်ရောက်ပါတယ်။

အချိန်ပြ ဇယား

  1. ဇွန် ၂၂၊ ၂၀၂၁

    တောမ်ဒေသ၊ ဆာဗာစကီမြို့ တရားရုံးကို အမှုတင်သွင်းတယ်။

  2. မတ် ၃၀၊ ၂၀၂၁

    တစ်နှစ်ကျော်လောက် ကျမ်းစာကို စိတ်ဝင်စားချင်ယောင်ဆောင်သူတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ အမှုဆင်ပြီး အလက်ဆီကို စွဲချက်တင်ကြတယ်။

  3. ဇူလိုင် ၁၄၊ ၂၀၂၀

    ရုရှား လျှို့ဝှက်ရဲတွေ၊ စစ်ကြောရေး ကော်မတီ အေးဂျင့်တွေက အလက်ဆီရဲ့ အိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ခုနစ်နာရီကြာ ရှာဖွေခဲ့ကြတယ်။ ဘဏ်ကတ်၊ အီလက်ထရောနစ်ပစ္စည်း၊ ကျမ်းစာ၊ နိုင်ငံကူးလက်မှတ်၊ ဝိုင်ဖိုင် ကွန်ယက်ချဲ့ ကိရိယာတို့ကို သိမ်းယူကြတယ်။

ကိုယ်ရေးအကျဉ်း

နေ့တိုင်း ကျမ်းစာဖတ်တာ၊ ဆုတောင်းတာက ရုရှားက ညီအစ်ကို/မတွေကို ခွန်အားရှိစေပြီး နှစ်သိမ့်မှု ဆက်ပေးပါလိမ့်မယ်။ “ယေဟောဝါဟာ ဖိနှိပ်ခံရသူတွေအတွက် လုံခြုံတဲ့ ခိုလှုံရာ ဖြစ်လိမ့်မယ်။ ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ ခိုလှုံရာ ဖြစ်လိမ့်မယ်” ဆိုပြီး ဆာလံ ၉:၉ မှာ ကတိပေးထားတယ်။