မာတိကာဆီ ကျော်သွား

ညီအစ်ကို အိုလက် ပေါ့စနီကို့ဗ်နဲ့ ဇနီး အက်ဂနက်စာ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | အပြစ်ရှိကြောင်း စီရင်ချက်ချ | ယေဟောဝါဘုရားရဲ့ ထောက်မမှုတွေက ပေါ့စနီကို့ဗ် မိသားစုကို စိတ်ငြိမ်သက်မှု ရှိစေ

နောက်ဆုံးအချက်အလက် | အပြစ်ရှိကြောင်း စီရင်ချက်ချ | ယေဟောဝါဘုရားရဲ့ ထောက်မမှုတွေက ပေါ့စနီကို့ဗ် မိသားစုကို စိတ်ငြိမ်သက်မှု ရှိစေ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘီရိုဘစ်ဇန်စကီ ခရိုင်တရားရုံးက ညီအစ်ကို အိုလက် ပေါ့စနီကို့ဗ်နဲ့ ညီအစ်မ အက်ဂနက်စာ ပေါ့စနီကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်ခွဲနဲ့ လေးနှစ်ခွဲ အသီးသီး ချမှတ်ခံရတယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲဝင်စရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်တရားရုံးက ညီအစ်ကို အိုလက် ပေါ့စနီကို့ဗ်နဲ့ ညီအစ်မ အက်ဂနက်စာ ပေါ့စနီကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ခဲ့တဲ့ အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပါတယ်။ အမှုကို ပြန်စစ်ဆေးမှာဖြစ်တယ်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်မှာဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘီရိုဘစ်ဇန်စကီ ခရိုင်တရားရုံးက အိုလက်နဲ့ အက်ဂနက်စာကို အပြစ်ရှိကြောင်း စီရင်ချက် ချပြီး ဆိုင်းငံ့ထောင်ဒဏ် ငါးနှစ်ခွဲနဲ့ ငါးနှစ် အသီးသီး ချမှတ်တယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲသွားစရာမလိုပါ။

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁

    FSB က ညီအစ်မ အက်ဂနက်စာကို ပြစ်မှုနဲ့ တရားစွဲတယ်။ အိုလက်နဲ့ အက်ဂနက်စာတို့ဟာ “ရာဇဝတ်သားတွေ” ဖွဲ့စည်းပြီး “အစွန်းရောက်” အကြောင်းအရာတွေ ဖြန့်ဝေမှုနဲ့ စွဲချက်တင်ခံရတယ်။ ဒေသကနေ ထွက်ခွာခွင့်၊ ဘဏ်ကနေ ငွေထုတ်ခွင့် မရကြဘူး။ ရုရှား အကြမ်းဖက်သမား စာရင်းမှာ သူတို့နာမည် အထည့်ခံရတယ်။

  2. ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀

    FSB က ညီအစ်ကို အိုလက်ကို ပြစ်မှုနဲ့ တရားစွဲတယ်။

ကိုယ်ရေးအကျဉ်း

စမ်းသပ်မှုအမျိုးမျိုး ခံရတဲ့အခါ သစ္စာတည်ကြည်နိုင်အောင် ယေဟောဝါ အသင့်ပြင်ဆင်ပေးကြောင်း ဒီတွေ့ကြုံမှုတွေက ဖော်ပြတယ်။ ကျွန်တော်တို့အားလုံး ‘ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား’ ကို ဆက်ယုံကြည်ကိုးစားနိုင်ကြပါစေ။—ဆာလံ ၁၁၅:၁