မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို ဗလာဒီမာ ချက်စနိုကော့ဗ်၊ ဗလာဒီမာ ဒူ့ကင်၊ ဗာလေရီ ယာကိုဗလက်

၂၀၂၂၊ ဇန်နဝါရီ ၇
ရုရှား

နောက်ဆုံးအချက်အလက်|ယုံကြည်ခြင်းကြောင့် ညီအစ်ကို ဗလာဒီမာ ချက်စနိုကော့ဗ်၊ ဗလာဒီမာ ဒူ့ကင်၊ ဗာလေရီ ယာကိုဗလက်တို့ ရုံးတင်စစ်ဆေးခံရ

နောက်ဆုံးအချက်အလက်|ယုံကြည်ခြင်းကြောင့် ညီအစ်ကို ဗလာဒီမာ ချက်စနိုကော့ဗ်၊ ဗလာဒီမာ ဒူ့ကင်၊ ဗာလေရီ ယာကိုဗလက်တို့ ရုံးတင်စစ်ဆေးခံရ

၂၀၂၂၊ ဧပြီ ၁၃ မှာ ချူဗာရှ် ဒေသ တရားရုံးချုပ်က ညီအစ်ကို ဗလာဒီမာ ချက်စနိုကော့ဗ်၊ ဗလာဒီမာ ဒူ့ကင်၊ ဗာလေရီ ယာကိုဗလက်တို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခု သူတို့ ဒဏ်ငွေ ဆောင်ရတော့မယ်။

၂၀၂၂၊ ဖေဖော်ဝါရီ ၁၀ မှာ ချီဘောက်စာရီ၊ ကလင်နင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ချက်စနိုကော့ဗ်၊ ဒူ့ကင်၊ ယာကိုဗလက်တို့ကို ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချလိုက်ပါတယ်။ ညီအစ်ကို ဒူ့ကင်ကို ရူဘယ် ၅၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၆,၇၁၅)၊ ညီအစ်ကို ချက်စနိုကော့ဗ်နဲ့ ယာကိုဗလက်တို့ကို ရူဘယ် ၄၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၅,၃၇၂) အသီးသီး ဒဏ်ငွေ တပ်လိုက်ပါတယ်။ ဒီတစ်ကြိမ် သူတို့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။

အချိန်ပြဇယား

  1. ၂၀၂၁၊ ဇွန် ၇

    ဗလာဒီမာ ချက်စနိုကော့ဗ်၊ ဗာလေရီ ယာကိုဗလက်တို့ကို အမှု ထပ်တိုးလိုက်တယ်။

  2. ၂၀၂၀၊ ဒီဇင်ဘာ ၃၀

    ဗလာဒီမာ ဒူ့ကင်ကို တရားစွဲပြီး ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  3. ၂၀၂၀၊ နိုဝင်ဘာ ၂၅

    ဗလာဒီမာ ဒူ့ကင်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုပြီးနောက် သူ့အိမ်ကို ဝင်ရောက်ရှာဖွေတယ်။ စစ်ကြောဖို့ ဖမ်းချုပ်ထားတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်ကို/မတွေဟာ ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်တဲ့အတွက် နေ့စဉ် ဘဝအခက်အခဲတွေ ဖြေရှင်းနိုင်ပြီး ‘ဒုက္ခရောက်ချိန်မှာ ဘုရားရဲ့ နားနေရာမှာ’ ခိုလှုံနိုင်ကြပါတယ်။—ဆာလံ ၂၇:၅