မာတိကာဆီ ကျော်သွား

ဘယ်မှညာ။ ညီအစ်ကို အလက်ဆန်ဒါ ပိုလိုဇောဗ်နဲ့ ဇနီး စဗက်လာနာ၊ ညီအစ်ကို စတီပန် ရှီဗီလက်ဗ်နဲ့ ဇနီး အိုဆာနာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | နှိပ်စက်ခံရပေမဲ့ ညီအစ်ကို အလက်ဆန်ဒါ ပိုလိုဇောဗ်နဲ့ ညီအစ်ကို စတီပန် ရှီဗီလက်ဗ်တို့ ကောင်းချီးများစွာ ခံစားရ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | နှိပ်စက်ခံရပေမဲ့ ညီအစ်ကို အလက်ဆန်ဒါ ပိုလိုဇောဗ်နဲ့ ညီအစ်ကို စတီပန် ရှီဗီလက်ဗ်တို့ ကောင်းချီးများစွာ ခံစားရ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှာ ကရာနိုယာ့စ် ခရိုင်၊ နာရိစ်ခ်မြို့နယ် တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ပိုလိုဇောဗ်နဲ့ ညီအစ်ကို စတီပန် ရှီဗီလက်ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်စီ အသီးသီးချမှတ်လိုက်တယ်။ လောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

အချိန်ပြဇယား

  1. ၂၀၁၉၊ အောက်တိုဘာ ၂၀

    နာရိစ်ခ်မြို့က ယာယီစခန်းတစ်ခုကို ရဲတွေ ဝိုင်းပြီး ယေဟောဝါသက်သေ ၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်

  2. ၂၀၁၉၊ အောက်တိုဘာ ၂၆

    အလက်ဆန်ဒါကို ဖမ်းပြီး အချုပ်ချတယ်

  3. ၂၀၂၀၊ ဇန်နဝါရီ ၂၁

    အလက်ဆန်ဒါကို သုံးလနီးပါး ချုပ်ထားပြီးနောက် လွှတ်ပေးတယ်

  4. ၂၀၂၀၊ ဖေဖော်ဝါရီ ၁၉

    အလက်ဆန်ဒါကို အစွန်းရောက်စာရင်းမှာ ထည့်သွင်းပြီး သူ့ဘဏ်အကောင့်ကို ပိတ်လိုက်တယ်

  5. ၂၀၂၁၊ မေ ၆

    အလက်ဆန်ဒါနဲ့ “လျှို့ဝှက် ပူးပေါင်းကြံစည်” သူအဖြစ် စတီပန်ကို တရားစွဲတယ်။ ဆုတောင်းလို့၊ ဟောပြောလို့ဆိုပြီး “ရာဇဝတ်သား” အဖြစ် စွပ်စွဲတယ်

ကိုယ်ရေးအကျဉ်း

နှိပ်စက်ညှဉ်းဆဲခံရပေမဲ့ ဖြောင့်မတ်ခြင်းတရားလမ်းကို “ဆက်လိုက်” လျှောက်နေကြတဲ့ သစ္စာရှိ ညီအစ်ကိုတွေကို ယေဟောဝါ အမြဲ ထောက်မကူညီပေးနေမှာ သေချာပါတယ်။—တရားသူကြီး ၈:၄