မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို ဗလာဒီမာ ဘူကင်၊ မီခေးလ် ဘူကော့ဗ်၊ ဗာလေရီ စလာ့ချိဗ်နဲ့ ဆာဂေး ယူဖာရော့ဗ်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဇွန် ၂၇ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | တခြားသူတွေကို ကူညီပေးခြင်း၊ ယေဟောဝါဘုရားကို အားကိုးခြင်းကြောင့် တင်ဒါမြို့က ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | တခြားသူတွေကို ကူညီပေးခြင်း၊ ယေဟောဝါဘုရားကို အားကိုးခြင်းကြောင့် တင်ဒါမြို့က ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်မှာ တန်ဒင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ ဘူကင်၊ မီခေးလ် ဘူကော့ဗ်၊ ဗာလေရီ စလာ့ချိဗ်နဲ့ ဆာဂေး ယူဖာရော့ဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ခဲ့တယ်။ မီခေးလ်ကို ထောင်ဒဏ် ခြောက်နှစ်နဲ့ နှစ်လ ချမှတ်ပြီး ဗလာဒီမာ၊ ဗာလေရီနဲ့ ဆာဂေးတို့ကို ထောင်ဒဏ် ခြောက်နှစ်နဲ့ လေးလ အသီးသီး ချမှတ်ခဲ့တယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှာ အမူရ်ဒေသ တရားရုံးက ဗလာဒီမာ၊ မီခေးလ်၊ ဗာလေရီနဲ့ ဆာဂေးတို့ကို အပြစ်ရှိကြောင်း စီရင်ခဲ့တဲ့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး အမှုကို အသစ်တစ်ဖန် ကြားနာစစ်ဆေးဖို့ အောက်ရုံးကို ပြန်လွှဲလိုက်တယ်။ ညီအစ်ကိုတွေကို အချုပ်ကနေ လွှတ်လိုက်ပေမဲ့ ဒေသကနေ ထွက်ခွာခွင့်တော့ မပေးဘူး။ အမှု ကြားနာစစ်ဆေးမယ့်အချိန်ကို ညီအစ်ကိုတွေ စောင့်နေပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ အမူရ်ဒေသ၊ တင်ဒင်စကီ ခရိုင်တရားရုံးက ဗလာဒီမာ၊ မီခေးလ်၊ ဗာလေရီနဲ့ ဆာဂေးတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။ ဗလာဒီမာ၊ ဗာလေရီနဲ့ ဆာဂေးကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်လိုက်တယ်။ မီခေးလ်ကို ထောင်ဒဏ် ခြောက်နှစ်နဲ့ နှစ်လ ချမှတ်တယ်။ ညီအစ်ကို လေးယောက်စလုံးကို တရားခွင်မှာပဲ ချက်ချင်း ဖမ်းချုပ်လိုက်တယ်။

အချိန်ပြဇယား

  1. နိုဝင်ဘာ ၁၇၊ ၂၀၁၉

    လုံခြုံရေး အရာရှိတွေက ညီအစ်ကိုလေးဦး အပါအဝင် ယေဟောဝါသက်သေတွေရဲ့ နေအိမ် ၈ လုံးကို ဝင်ရောက်ရှာဖွေကြတယ်။

  2. နိုဝင်ဘာ ၁၈၊ ၂၀၁၉

    စစ်ဆေးရေး အရာရှိတွေက ညီအစ်ကို လေးယောက်စလုံးကို အစွန်းရောက်သမားအဖြစ် စွပ်စွဲတယ်။ အသွားအလာ ကန့်သတ်တယ်။

  3. ဇူလိုင် ၂၆၊ ၂၀၂၁

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက ချစ်ရတဲ့ ညီအစ်ကိုတွေနဲ့ သစ္စာရှိကျေးကျွန်အားလုံးကို “ခိုင်မြဲတဲ့ မေတ္တာ ပြ” မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ကမ္ဘာဦး ၃၉:၂၁