မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆီ အူကော့ဗ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် | ပြင်ဆင်သည့်နေ့စွဲ– ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်— ညီအစ်ကို ပြန်လွတ်လာ | နေ့တိုင်း ကျမ်းစာဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းက ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ညီအစ်ကို အလက်ဆီ အူကော့ဗ်ကို ကူညီပေး

နောက်ဆုံးအချက်အလက်— ညီအစ်ကို ပြန်လွတ်လာ | နေ့တိုင်း ကျမ်းစာဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းက ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ညီအစ်ကို အလက်ဆီ အူကော့ဗ်ကို ကူညီပေး

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်မှာ ခါဘာရော့ဗ်ဒေသ တရားရုံးက ညီအစ်ကို အလက်ဆီ အူကော့ဗ်အပေါ် အရင်ကချမှတ်ထားတဲ့ ထောင်ဒဏ် ခြောက်နှစ်ခွဲကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲအဖြစ် ပြောင်းလဲစီရင်လိုက်လို့ အခု သူ ထောင်ကနေ လွတ်လာပါပြီ။

၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်မှာ ခါဘာရော့ဗ်ဒေသ၊ စိုဗက်စကို-ဂါဗန်စကီမြို့တရားရုံးက ညီအစ်ကို အလက်ဆီ အူကော့ဗ်ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချလိုက်ပါတယ်။ တရားခွင်ကနေ ချက်ချင်း ဖမ်းခေါ်သွားပါတယ်။

အချိန်ပြဇယား

  1. အောက်တိုဘာ ၂၂၊ ၂၀၂၀

    FSB အရာရှိတွေက အူကော့ဗ်တို့အိမ်ထဲ ဝင်ရောက်စီးနင်းပြီး အီလက်ထရောနစ်ပစ္စည်း၊ မန်မိုရီစတစ်၊ ဆင်းကဒ်၊ ဘဏ်စာအုပ်၊ ကိုယ်ပိုင်မှတ်စု၊ ပုံနှိပ်စာပေတွေကို သိမ်းဆည်းသွားတယ်။ စစ်ဆေးသူတွေက သူ့ကို ယာယီအကျဉ်းထောင်ဆီ ပို့လိုက်တယ်။

  2. အောက်တိုဘာ ၂၃၊ ၂၀၂၀

    အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ထောင်ချထားဖို့ အမိန့်ချတယ်။

  3. ဇူလိုင် ၉၊ ၂၀၂၁

    သူ့ကို လွှတ်ပေးပြီးနောက် အကျဉ်းချထားတဲ့ ကွန်ဆာမိုစကာ အွန်အာမူရ်ဒေသကနေ မထွက်ဖို့ အမိန့်ချတယ်။

  4. စက်တင်ဘာ ၆၊ ၂၀၂၁

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

“ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့” တဲ့အတွက် အလက်ဆီကို ယေဟောဝါ ဆုချမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၁ ပေတရု ၂:၂၃