မာတိကာဆီ ကျော်သွား

ညီအစ်ကို အိုင်ဗင် ရှုလပ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | စိတ်ရှည်မှုကြောင့် နှိပ်စက်ညှဉ်းဆဲခြင်းကို ညီအစ်ကို အိုင်ဗင် ရှုလပ် ခံရပ်နိုင်

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | စိတ်ရှည်မှုကြောင့် နှိပ်စက်ညှဉ်းဆဲခြင်းကို ညီအစ်ကို အိုင်ဗင် ရှုလပ် ခံရပ်နိုင်

၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်မှာကရာနိုယာ့စ်ဒေသ၊ နာဇာရော့စကီမြို့ တရားရုံးက ညီအစ်ကို အိုင်ဗင် ရှုလပ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်။ လောလောဆယ် သူ ထောင်ထဲဝင်စရာ မလိုပါ။

အချိန်ပြဇယား

  1. ဇွန် ၁၈၊ ၂၀၂၀

    လက်နက်ကိုင် ရဲအရာရှိတွေက တိုက်ခန်းထဲ ဝင်ရောက်စီးနင်းပြီးနောက် အိုင်ဗင်ကို ဖမ်းဆီး အချုပ်ချတယ်

  2. ဇွန် ၁၉၊ ၂၀၂၀

    အိုင်ဗင်ကို အချုပ်ထောင် ပြောင်းရွှေ့ဖို့ တရားရုံး အမိန့်ထုတ်တယ်

  3. ဇူလိုင် ၉၊ ၂၀၂၀

    အချုပ်ကနေ လွတ်လာတယ်။ ဒါပေမဲ့ ခွင့်ပြုချက် မရှိဘဲ အိမ်ပြင်က လူတွေနဲ့ ဆက်သွယ်ခွင့် မရဘူး။ မနက် ၆ နာရီကနေ ည ၁၁ နာရီအထိ အိမ်ပြင်ထွက်ခွင့် မရှိတဲ့အတွက် အလုပ်သွားလို့ မရဘူး

  4. သြဂုတ် ၁၄၊ ၂၀၂၀

    စစ်ကြောမေးမြန်းတဲ့သူက အိုင်ဗင့်အပေါ် ကန့်သတ်ချက်တွေ ထပ်တိုးချင်ပေမဲ့ အိုင်ဗင်ရဲ့ နာမည်ကောင်းကြောင့် လုပ်ခွင့်မရခဲ့ဘူး။ ကန့်သတ်ချက် အများစုကို ဖယ်ရှားလိုက်တယ်

  5. သြဂုတ် ၁၇၊ ၂၀၂၀

    ခရီးသွားခွင့် ပိတ်ပင်တယ်

  6. စက်တင်ဘာ ၁၅၊ ၂၀၂၁

    ပြစ်မှု စတင် ကြားနာစစ်ဆေးတယ်

ကိုယ်ရေးအကျဉ်း

“ယေဟောဝါက ဘုရားတရား ကိုင်းရှိုင်းသူတွေကို ဒုက္ခတွေကြားကနေ ဘယ်လို ကယ်ရမလဲဆိုတာ သိတယ်။” ဒါကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ သိပ်ကျေးဇူးတင်ပါတယ်။—၂ ပေတရု ၂:၉