မာတိကာဆီ ကျော်သွား

ညီအစ်ကို မက်စင် မာရိုဇာ့ဗ်နဲ့ ညီအစ်ကို ယူရီ အူဆာနာ့ဗ်

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ပြန်လွတ်လာ | တခြားသူတွေကို အာရုံစိုက်တာက အချုပ်ကျနေချိန်မှာ ခံရပ်နိုင်ဖို့ ညီအစ်ကိုတွေကို ကူညီပေး

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ပြန်လွတ်လာ | တခြားသူတွေကို အာရုံစိုက်တာက အချုပ်ကျနေချိန်မှာ ခံရပ်နိုင်ဖို့ ညီအစ်ကိုတွေကို ကူညီပေး

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှာ ကင်မရိုဗိုဒေသ၊ တေညာမြို့တရားရုံးက ညီအစ်ကို မက်စင် မာရိုဇာ့ဗ်နဲ့ ယူရီ အူဆာနာ့ဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်။ ဒါပေမဲ့ အမှုမကြားနာခင်ကတည်းက အချုပ်ခံခဲ့ရလို့ သူတို့ရဲ့ပြစ်ဒဏ်စေ့သွားပြီလို့ သတ်မှတ်ပြီး အချုပ်ကနေ ချက်ချင်းလွှတ်ပေးလိုက်တယ်။

အချိန်ပြဇယား

  1. ဧပြီ ၁၊ ၂၀၂၁

    ပိတ်ပင်ထားတဲ့အဖွဲ့အစည်းရဲ့ ဘာသာရေးအစည်းအဝေးတွေ စီစဉ်မှုနဲ့ ယူရီကို ပြစ်မှုနဲ့ အမှုဖွင့်

  2. ဧပြီ ၂၊ ၂၀၂၁

    အာဏာပိုင်တွေက ယူရီရဲ့အိမ်ကို သုံးနာရီကြာ ဝင်ရောက်ရှာဖွေ၊ ယူရီကို ဖမ်းဆီးပြီး အချုပ်ချ

  3. ဩဂုတ် ၄၊ ၂၀၂၁

    မက်စင်ကို ပြစ်မှုနဲ့ အမှုဖွင့်

  4. ဩဂုတ် ၆၊ ၂၀၂၁

    မက်စင်ကို ဖမ်းပြီး တစ်ညချုပ်ထား

  5. ဩဂုတ် ၇၊ ၂၀၂၁

    မက်စင်ကို ပြစ်မှုနဲ့ တရားစွဲပြီး အချုပ်ချ

  6. မေ ၁၆၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး

ကိုယ်ရေးအကျဉ်း

ဒီညီအစ်ကို/မတွေရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ယေဟောဝါ အထူးတန်ဖိုးထားမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ကို အခုရော၊ နောင်ရော ကောင်းချီးများစွာ သွန်းလောင်းပေးမယ်ဆိုတာ ယုံကြည်ပါတယ်။—ဟီဘရူး ၁၁:၂၆

a ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာ ညီအစ်ကို ယူရီ အချုပ်ကျနေလို့ သူ့ရဲ့ ကိုယ်ပိုင်မှတ်ချက် မရယူနိုင်ပါ။