ဇွန် ၇၊ ၂၀၁၇
သီရိလင်္ကာ
သီရိလင်္ကာနိုင်ငံမှာ ရေကြီး၊ မြေပြိုမှုကြောင့် အပျက်အစီး များပြား
မေ ၂၆ ရက်မှာ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး မြေပြိုခဲ့တယ်။ ယေဟောဝါသက်သေတွေက ဘေးဒဏ်သင့်တဲ့ ယုံကြည်သူချင်းတွေနဲ့ တခြားသူတွေကို ကူညီပေးနေကြတယ်။ လူ ၂၀၀ ကျော် သေဆုံးပြီး ၇၇,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သတင်းရတယ်။
သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက သဘာဝဘေးကယ်ဆယ်ရေး ကော်မတီနှစ်ခု ဖွဲ့စည်းပြီး ရေဘေးသင့် သက်သေခံ ၁၀၀ ကျော်ရဲ့ လတ်တလော လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတယ်။ စားစရာ၊ နေစရာတွေ စီစဉ်ပေးတယ်။ ရေဘေးကြောင့် သေဆုံးသူတွေထဲမှာ သက်သေခံတစ်ယောက်မှ မပါဘူး။
နယူးယောက်၊ ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းအတွက် လှူဒါန်းထားတဲ့ငွေတွေနဲ့ ပံ့ပိုးပေးနေပါတယ်။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Sri Lanka: Nidhu David, +94-11-2930-444