မာတိကာဆီ ကျော်သွား

ဟေတီနိုင်ငံ၊ လီအိုဂန်မြို့က လမ်းတစ်လမ်း ရေကြီးနေစဉ်။ အပေါ်ပုံ– ဒေသခံအကြီးအကဲတစ်ယောက်က ညီအစ်မတစ်ယောက်ရဲ့ အိမ်အပြင်ဘက်လမ်းက ရွှံ့တွေကို ဖယ်ထုတ်ပေးနေစဉ်။ အောက်ပုံ– ညီအစ်မတစ်ယောက်ရဲ့ အိမ်ကို ညီအစ်ကိုတွေ သန့်ရှင်းရေး လုပ်ပေးနေစဉ်

၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်
ဟေတီ

ဟေတီနိုင်ငံမှာ ရေလွှမ်းမိုး

ဟေတီနိုင်ငံမှာ ရေလွှမ်းမိုး

၂၀၂၃ ခုနှစ်၊ ဇွန် ၂ ရက်နဲ့ ၃ ရက်တုန်းက ဟေတီနိုင်ငံမှာ မိုးအကြီးအကျယ် ရွာသွန်းလို့ အိမ်ခြေသိန်းနဲ့ချီ ရေမြုပ်ကုန်တယ်။ မိသားစု ၄၀,၀၀၀ နီးပါး ဒုက္ခရောက်ခဲ့ပြီး လူ ၁၃,၅၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်။ အနည်းဆုံး လူအယောက် ၅၀ သေဆုံးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ညီအစ်ကို ၁ ယောက်နဲ့ ညီအစ်မ ၁ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၆၀ အိုးအိမ်စွန့်ခွာခဲ့ရ

  • အိမ် ၁ လုံး လုံးဝပျက်စီး

  • အိမ် ၃ လုံး အကြီးအကျယ်ပျက်စီး

  • အိမ် ၁၉ လုံး အနည်းငယ်ပျက်စီး

  • ဝတ်ပြုရာ အဆောက်အအုံတစ်ခုမှ မပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက ရေဘေးသင့် ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးပြီး လက်တွေ့ကျ အကူအညီတွေ ပေး

  • ဒေသခံအသင်းတော်တွေက ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီ

ဟေတီနိုင်ငံက ရေဘေးသင့် ညီအစ်ကို/မတွေကို “ယေဟောဝါ အစွမ်းခွန်အားပေးလိမ့်မယ်” ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၂၉:၁၁