၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက်
ဟေတီ
ဟေတီမှာ နိုင်ငံရေးမငြိမ်မသက်မှု ပိုဆိုးလာလို့ ညီအစ်ကို/မတွေ အခက်အခဲ ရင်ဆိုင်နေရ
မကြာသေးခင်နှစ်တွေအတွင်း ဟေတီမှာ နိုင်ငံရေးမငြိမ်မသက်မှု၊ လူဆိုးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု ပိုဆိုးလာတယ်။ မြို့တော် ပို့အူပရင့်စ်မှာရှိတဲ့ အဓိကကျတဲ့ အဆောက်အအုံတွေကို လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ် ၂ ရက်ကစပြီး မြို့တော်မှာ အခြေအနေတွေ ပိုဆိုးလာတယ်။ အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်။ လူများစွာ အသတ်ခံရပြီး နိုင်ငံအတွင်း ပိုလုံခြုံတဲ့ဒေသတွေကို ထွက်ပြေးသူပေါင်း ၁၅,၀၀၀ လောက်ရှိတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတစ်ယောက်မှ ဒဏ်ရာရ သေဆုံးခြင်းမရှိ
ညီအစ်ကို/မ ၁၁၃ ယောက် နေရပ်စွန့်ခွာထွက်ပြေး
အိမ် ၂ လုံး ဖျက်ဆီးခံရ
လုယက်မှုကြောင့် မိသားစု ၅ အိမ်ထောင် ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံး
အစည်းအဝေးခန်းမတစ်လုံးမှ ထိခိုက်ပျက်စီးခြင်းမရှိ
ကယ်ဆယ်ရေးလုပ်ငန်း
ဌာနခွဲနယ်မြေအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကယ်ဆယ်ရေးကော်မတီ ၄ ခု ဖွဲ့စည်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက ဒုက္ခရောက်နေတဲ့၊ အိုးပစ်အိမ်ပစ် ထွက်ပြေးလာတဲ့ ညီအစ်ကို/မတွေကို လိုအပ်ရာတွေ ထောက်ပံ့ပေးပြီး ကျမ်းစာနဲ့အားပေး
ဒီလိုခက်ခဲတဲ့အချိန်မှာ ယေဟောဝါဘုရားက ဟေတီကညီအစ်ကို/မတွေကို ဉာဏ်ပညာနဲ့ စိတ်ငြိမ်သက်မှု ပေးသနားပါစေလို့ ကျွန်တော်တို့အားလုံး ဆုတောင်းပေးနေပါတယ်။ ယေဟောဝါ ကတိပြုထားတဲ့ “ငြိမ်သက်ခြင်း တိုးများ” မယ့် ကမ္ဘာသစ်ကို ကျွန်တော်တို့ မျှော်လင့်စောင့်ဆိုင်းနေပါတယ်။—ဆာလံ ၇၂:၇။