မာတိကာဆီ ကျော်သွား

ဟေတီငလျင်ကြောင့် ညီအစ်ကိုတစ်ယောက်ရဲ့အိမ် ပျက်စီးခဲ့

သြဂုတ် ၁၈၊ ၂၀၂၁
ဟေတီ

ဟေတီမှာ အင်အားပြင်း ငလျင် လှုပ်

ဟေတီမှာ အင်အားပြင်း ငလျင် လှုပ်

၂၀၂၁၊ သြဂုတ် ၁၄ က ဟေတီနိုင်ငံ အနောက်တောင်ပိုင်းမှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင် လှုပ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်ခတ်ခဲ့တယ်။ အပျက်အစီး ပမာဏကို တွက်ချက်နေဆဲ ဖြစ်တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်မ ၂ ယောက်၊ ညီအစ်ကို ၁ ယောက် သေဆုံးတယ်

  • ညီအစ်ကို/မ ၂၁ ယောက် ဒဏ်ရာရတယ်

  • အိမ် ၁၁၉ လုံး ပျက်စီးသွားတယ်

  • အိမ် ၇၂ လုံး လုံးဝ ပျက်စီးသွားတယ်

  • ဝတ်ပြုရာခန်းမ ၅ လုံး နည်းနည်း ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၄ လုံး ဆိုးဆိုးရွားရွား ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ညှိနိူင်းလုပ်ဆောင်နေပါတယ်။ ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီ အားပေးဖို့ ငလျင်ဘေးသင့်ဒေသက တိုက်နယ်ကြီးကြပ်မှူး နှစ်ဦး၊ ဒေသခံ အကြီးအကဲတွေနဲ့ လုပ်ဆောင်နေတယ်

  • ကယ်ဆယ်ရေး ကော်မတီက စောင်၊ အဝတ်၊ စားစရာ၊ ဆေးဝါး၊ တာပေါ်လင်စ၊ ရေ စတာတွေကို ဝေပေးနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ညီအစ်ကို/မတွေ ဆေးကုသမှု ရဖို့လည်း စီစဉ်ပေးကြတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်သူအားလုံးဟာ ကိုဗစ်-၁၉ ဘေးအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်ချက်ကို လိုက်နာကြတယ်

အခက်အခဲကြားထဲက ငလျင်ဘေးသင့်ဒေသက အသင်းတော် အများစုဟာ သြဂုတ် ၁၅၊ တနင်္ဂနွေနေ့မှာ ဗီဒီယို ချိတ်ဆက်မှုနဲ့ အစည်းအဝေး ကျင်းပကြတယ်။ “ယုံကြည်ခြင်းကြောင့် ခွန်အားရှိလာ” အစည်းအဝေးကြီးရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း အစီအစဉ်ကိုလည်း ညီအစ်ကို/မတွေ ကြည့်ရှုနိုင်ခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေ သေဆုံးသွားလို့ စိတ်မကောင်းကြပါဘူး။ ငလျင်ဒဏ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့၊ ထိခိုက်ဒဏ်ရာ ရတဲ့ ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးပါတယ်။ ယေဟောဝါဟာ သူတို့ရဲ့ နာကျင်မှုကို တွေ့မြင်ပြီး ဒီလိုဒုက္ခရောက်ချိန်မှာ သူတို့ရဲ့ ခိုလှုံရာ၊ အစွမ်းခွန်အား ဆက်ဖြစ်နေမယ်ဆိုတာကို ကျွန်တော်တို့ သိကြပါတယ်။—ဆာလံ ၄၆:၁၊ ၂