မာတိကာဆီ ကျော်သွား

သြဂုတ် ၃၁၊ ၂၀၁၇
ဟောင်ကောင်

ဟောင်ကောင်နဲ့ မကာအိုကို မုန်တိုင်း ဟာတို တိုက်ခတ်

ဟောင်ကောင်နဲ့ မကာအိုကို မုန်တိုင်း ဟာတို တိုက်ခတ်

ဟောင်ကောင်နဲ့ မကာအိုကို မုန်တိုင်း ဟာတို တိုက်ခတ်

သြဂုတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဟောင်ကောင်၊ မကာအို အပါအဝင် တရုတ်ပြည်တောင်ပိုင်းကို အဆင့် ၁၀ ရှိတဲ့ မုန်တိုင်း ဟာတို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ အသေအပျောက် မရှိပေမဲ့ ၃၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မကာအိုမှာတော့ လူ ၉ ဦး သေဆုံးပြီး ၁၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။

ဟောင်ကောင်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးဟာ မကာအိုက ယေဟောဝါသက်သေများရဲ့ လုပ်ငန်းကိုလည်း စီမံခန့်ခွဲပေးနေတာဖြစ်ပြီး ယေဟောဝါသက်သေတစ်ယောက်မှ သေဆုံးတာ မရှိဘူးလို့ သတင်းပေးပို့ပါတယ်။ ဒါပေမဲ့ မကာအိုမှာ အများစုက လျှပ်စစ်မီးနဲ့ သောက်ရေ ပြတ်လပ်နေတယ်။ ဌာနခွဲရုံးက သူတို့ရဲ့ ယုံကြည်သူချင်းတွေကို သောက်ရေနဲ့ တခြားလိုအပ်ရာတွေကို ထောက်ပံ့ပေးဖို့ ဒေသခံ ယေဟောဝါသက်သေတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

ဟောင်ကောင်မှာ ယေဟောဝါသက်သေ ၅,၅၀၀ ကျော်ရှိပြီး မကာအိုမှာ ၃၂၀ ရှိပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Hong Kong: Danny Steensen, +852-3950-3500