မာတိကာဆီ ကျော်သွား

လူဘွေ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ချီလူဘာစကားပြော တိုက်နယ်အစည်းအဝေး အစီအစဉ်ကို တက်ရောက်နေကြစဉ်

စက်တင်ဘာ ၁၂၊ ၂၀၁၉
အင်ဂိုလာ

အင်ဂိုလာ ဒုက္ခသည်စခန်းမှာ လင်ဂါလာ၊ ချီလူဘာ ဘာသာစကားနဲ့ အစည်းအဝေးပွဲ ကျင်းပခဲ့

အင်ဂိုလာ ဒုက္ခသည်စခန်းမှာ လင်ဂါလာ၊ ချီလူဘာ ဘာသာစကားနဲ့ အစည်းအဝေးပွဲ ကျင်းပခဲ့

၂၀၁၉၊ မေ ၂၅ နဲ့ ၂၆ ရက်မှာ “ခွန်အားရှိပါ” တိုက်နယ် အစည်းအဝေးကို လူဘွေ ဒုက္ခသည်စခန်းမှာ လင်ဂါလာ၊ ချီလူဘာ ဘာသာစကားနဲ့ ကျင်းပခဲ့တယ်။ အဲဒီစခန်းဟာ အင်ဂိုလာရဲ့မြို့တော်၊ လူအန်ဒါနဲ့ ၁,၀၂၂ ကီလိုမီတာ (၆၃၅ မိုင်) အကွာမှာ တည်ရှိတယ်။ တိုက်နယ်အစည်းအဝေး ကျင်းပချိန်မှာ လူဘွေ ဒုက္ခသည်စခန်းမှာ ကြေညာသူ ၁၇၇ ယောက်နဲ့ သူတို့ရဲ့မိသားစုတွေ နေထိုင်ကြတယ်။ လင်ဂါလာ အစီအစဉ်မှာ ၃၈၀ တက်ရောက်ပြီး ၃ ယောက်နှစ်ခြင်းခံတယ်။ ချီလူဘာ အစီအစဉ်မှာ ၆၃၀ တက်ရောက်ပြီး ၆ ယောက်နှစ်ခြင်းခံခဲ့တယ်။

ညီအစ်ကိုအများစုဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူဘွေဒုက္ခသည်စခန်းကို ရောက်လာကြတာ။ ဒုက္ခသည်စခန်းမှာ ခရီးသွားတာကို ကန့်သတ်ထားလို့ ညီအစ်ကို၊ ညီအစ်မတွေဟာ တခြားမြို့တွေမှာ အစည်းအဝေး သွားမတက်နိုင်ကြဘူး။ ဒါကြောင့် ဒုက္ခသည်စခန်းမှာ ယာယီ နိုင်ငံတော်ခန်းမ ၂ လုံးဆောက်ပြီး အစည်းအဝေးတွေ ကျင်းပဖို့ ဌာနခွဲက စီစဉ်ခဲ့တယ်။ အဲဒီ နိုင်ငံတော်ခန်းမတွေမှာ ချီလူဘာသာစကားပြော အသင်းတော် ၃ ခုနဲ့ လင်ဂါလာ အသင်းတော် ၁ ခုရှိတယ်။

၂၀၁၉၊ မေ ၂၄ ရက်နေ့မှာ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဌာနခွဲကိုယ်စားလှယ်တစ်ယောက်ဟာ လူဘွေဒုက္ခသည်စခန်းကို သွားပြီး အသံချဲ့စက်နဲ့ စင်မြင့် ပြင်ဆင်ရာမှာ ကူညီပေးခဲ့တယ်။ ဒုက္ခသည်စခန်းက ညီအစ်ကိုတွေဟာ အခက်အခဲတွေရှိပေမဲ့ တာပေါ်လင်၊ တိုင်၊ ကြိုး၊ သံနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ကြတယ်။

အစည်းအဝေးပွဲ ပြီးတဲ့အခါ ချီလူဘာ အသင်းတော်တစ်ခုက အသင်းတော်အမှုထမ်းဖြစ်တဲ့ ဟိုနိုရင် လွန်တွန်ဂို ဒီလို ပြောတယ်– “ဒုက္ခသည်စခန်းမှာ အစည်းအဝေးပွဲတွေ လုပ်တာကို မြင်ရတော့ အခက်အခဲတွေကြားမှာ ယေဟောဝါဟာ မိမိလူမျိုးကို ချစ်ပြီး တစ်ဦးချင်းစီကို ဂရုစိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် သိပ်ပျော်တယ်။”

မတည်ငြိမ်တဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ပြောင်းရွှေ့နေရတဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် ဆက်ဆုတောင်းပေးနေပါတယ်။ သူတို့ ဘယ်နေရာမှာပဲ ရှိနေပါစေ သူတို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ယေဟောဝါ ဆက်ထောက်ပံ့ပေးနေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—ရောမ ၈:၃၈၊ ၃၉

 

ညီအစ်ကိုတွေ စင်မြင့် ဆောက်ပြီး အသံချဲ့စက်အတွက် ပြင်ဆင်နေကြစဉ်

ချီလူဘာစကားပြော တိုက်နယ်အစည်းအဝေးမှာ နှစ်ခြင်းခံမယ့်သူ ၆ ယောက် နှစ်ခြင်းမေးခွန်းတွေကို ဖြေဖို့ မတ်တတ်ရပ်နေကြစဉ်

လင်ဂါလာ စကားပြော ညီအစ်ကို၊ ညီအစ်မတွေဟာ နှစ်ခြင်းခံတာကို ကြည့်ဖို့ ဒုက္ခသည်စခန်းနဲ့ နှစ်ကီလိုမီတာ (၁.၂ မိုင်) ဝေးတဲ့ မြစ်ရှိရာကို လမ်းလျှောက်သွားနေကြစဉ်

အစည်းအဝေးပွဲပြီးနောက်မှာ အင်ဂိုလာဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဂျိုဟန်းနစ် ဒီ ဂျေဂါကို လင်ဂါလာ စကားပြော ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ တွေ့ရစဉ်