မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်
အင်ဂိုလာ

အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း၊ တမန်တော်ကျမ်းကို ထုတ်ဝေ

အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း၊ တမန်တော်ကျမ်းကို ထုတ်ဝေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တုန်းက အင်ဂိုလာနိုင်ငံ၊ လူအန်ဒါမြို့ စည်းဝေးပွဲခန်းမမှာ ကျင်းပတဲ့ အထူးအစီအစဉ်မှာ အင်ဂိုလာဌာနခွဲကော်မတီဝင် ညီအစ်ကို ယိုဟန်းနက်စ် ဒီယေဂါက မဿဲကျမ်း၊ တမန်တော်ကျမ်းကို အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေခဲ့တယ်။ ၁,၈၈၁ ယောက်လောက် တက်ရောက်ကြပြီး ကျမ်းစောင်တွေကို jw.org နဲ့ JW Library Sign Language အက်ပ်ကနေ ချက်ချင်းကူးယူနိုင်ခဲ့တယ်။

အင်ဂိုလာမှာ နားမကြားသူ ၃၆၀,၀၀၀ နီးပါးရှိတယ်။ ဦးဆုံး လက်သင်္ကေတပြအသင်းတော်ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ လက်ရှိ အသင်းတော် ၃၇ ခု၊ အုပ်စု ၇ ခု၊ အကြိုအုပ်စု ၁ ခုမှာ အမှုဆောင်နေတဲ့ ကြေညာသူ ၁,၀၀၀ ကျော်ရှိတယ်။

ဒီကျမ်းစောင်တွေဟာ အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ ဦးဆုံးပြန်ဆိုတဲ့ ကျမ်းစောင်တွေပါပဲ။ တမန်တော်ကျမ်းကို ကြည့်ရှုပြီးနောက် ညီအစ်ကိုတစ်ယောက် အခုလိုဆိုတယ်– “အီသီယိုးပီးယားအမတ်နောက်ကို ဖိလိပ္ပု ပြေးလိုက်တဲ့အခန်းဖြစ်တဲ့ တမန်တော် ၈:၂၆-၃၀ ကို ကြည့်ရတာ တအားစိတ်လှုပ်ရှားဖို့ကောင်းတယ်။ အမှုဆောင်မှာ ကျွန်တော် ဘာကြောင့်ကြိုးကြိုးစားစား လုပ်ရမယ်ဆိုတာ အခု ပိုနားလည်သွားပြီ။”

အင်ဂိုလာ လက်သင်္ကေတပြစကားနဲ့ ကျမ်းစောင်နှစ်ခု ထုတ်ဝေမှုကနေ “ယေဟောဝါဘုရားရဲ့ မျက်နှာအလင်း ထွန်းလင်း” မှုနဲ့ မေတ္တာတော်ကို လူများစွာ ခံစားရမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—တောလည်ရာ ၆:၂၅