သြဂုတ် ၂၉, ၂၀၁၇
အင်ဂိုလာ
အင်ဂိုလာနိုင်ငံက သက်သေခံတွေရဲ့ ခရိုင်အစည်းအဝေးမှာ အဆိပ်ငွေ့တွေ ဖုံးလွှမ်း
၂၀၁၇၊ သြဂုတ် ၂၅ ရက်၊ သောကြာနေ့ မနက်ပိုင်း အင်ဂိုလာနိုင်ငံ၊ လွမ်ဒါမြို့ရှိ ယေဟောဝါသက်သေတို့ရဲ့ စည်းဝေးပွဲခန်းမမှာ ခရိုင်အစည်းအဝေး ကျင်းပနေစဉ် ခန်းမကြီးနဲ့ သီးခြားအဆောက်အဦတွေကို မသမာသူတွေက အဆိပ်ဓာတ်ငွေ့ လွှတ်ခဲ့တဲ့အတွက် တက်ရောက်သူ ၄၀၅ ယောက်ဟာ သတိမေ့မြော သွားခဲ့ကြတယ်။ ဓာတ်ငွေ့က သိပ်မပြင်းတဲ့အတွက် အသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဓာတ်ငွေ့ဒဏ် ခံလိုက်ရသူတွေကို ဒေသခံ ဆေးရုံမှာ ခေါ်ဆောင်ကုသခဲ့ပြီး နာရီပိုင်းအတွင်းမှာ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဒေသခံ အာဏာပိုင်တွေက စုံစမ်းခဲ့ပြီး သောကြာနေ့ မွန်းလွဲပိုင်းမှာ လူသုံးယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ဓာတ်ငွေ့ဒဏ် ခံလိုက်ရသူအားလုံး ပြန်ကောင်းလာပြီဖြစ်ကြောင်း လွမ်ဒါမှာရှိတဲ့ ဌာနခွဲရုံးက သတင်းပေးပို့ပါတယ်။ တက်ရောက်သူတွေဟာ အထိတ်တလန့်ဖြစ်မသွားဘဲ ဒဏ်ရာရသူတွေကို ဝိုင်းဝန်းကူညီ ပေးခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်။ ဒေသခံ ရဲတွေရဲ့ အကြံပြုချက်ကို လိုက်နာပြီး ညနေပိုင်း စည်းဝေးပွဲ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ စနေနဲ့ တနင်္ဂနွေနေ့ (သြဂုတ် ၂၆-၂၇) တွေမှာ ဘာပြဿနာမှမရှိဘဲ စည်းဝေးပွဲကို ဆက်ကျင်းပနိုင်ခဲ့ပါတယ်။ အများဆုံးတက်ရောက်သူ ၁၂,၀၀၀ ကျော်ရှိခဲ့ပြီး ၁၈၈ ဦး နှစ်ခြင်းခံခဲ့ပါတယ်။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Angola: Todd Peckham, +244-923-166-760