မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၄၊ ၂၀၂၀
အင်ဒိုနီးရှား

ဂျကာတာမြို့ ရေဘေးသင့်

ဂျကာတာမြို့ ရေဘေးသင့်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက မိုးရေချိန် ၁၅ လက်မ (၃၈ စင်တီမီတာ) နီးပါး ရွာသွန်းခဲ့တဲ့အတွက် တချို့နေရာတွေမှာ ၅ ပေ (၁.၅ မီတာ) ခန့် ရေလွှမ်းမိုးသွားပြီး ညီအစ်ကို၊ ညီအစ်မတွေရဲ့အိမ် ၁၀၀ လောက် ရေနှစ်မြှုပ်ခဲ့တယ်။

ရေကြီးရေလျှံမှုကြောင့် ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိပေမဲ့ ကြေညာသူများစွာဟာ နေအိမ်ကနေ ယာယီရွှေ့ပြောင်းကြရတယ်။ တချို့သူတွေကတော့ ကိုယ့်အိမ်မှာပဲ အန္တရာယ်အကင်းဆုံး နေရာရှာပြီး နေကြရတယ်။ အစည်းအဝေးအတွက် အသုံးပြုတဲ့ အဆောက်အအုံတချို့လည်း အနည်းငယ် ထိခိုက်ပျက်စီးမှု ရှိတယ်။ ဒေသခံ အကြီးအကဲတွေက သောက်ရေနဲ့ အစားအစာတွေ ရရှိဖို့ စီစဉ်ပေးကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေလည်း ရေဘေးသင့်ဒေသကို သွားပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနှစ်ခု ဖွဲ့စည်းထားပြီး နောက်ထပ် ကူညီကယ်ဆယ်ဖို့ လိုအပ်ရာတွေကို ဆန်းစစ်နေပါတယ်။

ရေဘေးကြောင့် ညီအစ်ကို၊ ညီအစ်မတွေရဲ့ ဝတ်ပြုရေးလုပ်ဆောင်မှုတွေ မရပ်တန့်သွားဘူး။ ရေဘေးသင့်တဲ့ မိသားစုတချို့ဟာ ကြားရက်အစည်းအဝေးတွေ တက်ဖို့ ရေလျှံနေတဲ့ နေရာတွေကို ဖြတ်ကျော်လာခဲ့ရတယ်။ အင်ဒိုနီးရှား ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒန်နီရယ် ပါနိုမို ဒီလိုပြောတယ်– “လွန်ခဲ့တဲ့နှစ်တွေအတွင်း ဂျကာတာမှာ ရေကြီးခဲ့သမျှမှာ ဒီရေဘေးက အဆိုးဝါးဆိုးဖြစ်ပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေကို စိတ်ပျက်စေမယ့်အစား တစ်ယောက်ကို တစ်ယောက် ကူညီဖို့၊ ခရစ်ယာန်မေတ္တာပြဖို့ လှုံ့ဆော်မှု ဖြစ်သွားတယ်။”

ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်တွေ မရှိတော့မယ့်အချိန်ကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေကြပါတယ်။—မာကု ၄:၃၉