မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၂၊ ၂၀၁၈
အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီဒေသမှာ ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးမှုများ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီဒေသမှာ ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးမှုများ

စက်တင်ဘာလ ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီဒေသမှာ ပြင်းအား ၇.၅ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်။ ငလျင်နဲ့ ဆူနာမီ လှိုင်းလုံးတွေကြောင့် ၁၃၀၀ ကျော် သေဆုံးသွားတယ်။ အများစုက ဆူလာဝေဆီ ပြည်နယ်၊ ပါလူးမြို့က ဖြစ်ကြတယ်။

ငလျင်ဘေးသင့်ဒေသက ကြေညာသူ ၈၀ စလုံးနဲ့ အဆက်အသွယ် ရရှိကြောင်း ဂျကာတာမြို့က အင်ဒိုနီးရှား ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ကြေညာသူတချို့ ထိခိုက်ဒဏ်ရာရတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်။ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ် လုံးလုံးပျက်စီးသွားတယ်။ အတော်များများရဲ့ အိမ်တွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။ အစည်းအဝေး ကျင်းပဖို့ ပါလူးအသင်းတော် အသုံးပြုတဲ့ အဆောက်အအုံလည်း ထိခိုက်ပျက်စီးသွားတယ်။

ဌာနခွဲရုံးမှာရှိတဲ့ သဘာဝဘေး ကယ်ဆယ်ရေးဌာနက တိုက်နယ်ကြီးကြပ်မှူး၊ အနီးနားက အသင်းတော်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်နေကြပါတယ်။ ငလျင်ဘေးသင့်ဒေသက ကြေညာသူတွေမှာ အစားအစာ၊ ရေနဲ့ တခြားလိုအပ်ရာတွေ မရှိတဲ့အတွက် ပါလူးမြို့က ညီအစ်ကိုတွေအတွက် လိုအပ်ရာတွေ ထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဒေသခံ အကြီးအကဲတွေက ကြေညာသူတွေရဲ့ ဝတ်ပြုရေးပိုင်း၊ စိတ်ပိုင်း၊ ကာယပိုင်း လိုအပ်ရာတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေကြပါတယ်။ ဌာနခွဲကော်မတီဝင်၊ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန ကြီးကြပ်မှူးနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေဟာ နှစ်သိမ့်ထောက်မပေးဖို့ ငလျင်ဘေးသင့်ဒေသကို သွားကြပါလိမ့်မယ်။

ယေဟောဝါဘုရားဟာ အင်ဒိုနီးရှားမှာရှိတဲ့ ညီအစ်ကို/မတွေ ဒုက္ခရောက်ချိန်မှာ သူတို့ရဲ့ ‘ခိုလှုံရာ၊ အစွမ်းခွန်အား’ ဖြစ်မယ်လို့ ယုံကြည်ပြီး ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၄၆:၁