မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၃၊ ၂၀၁၈
အင်ဒိုနီးရှား

အင်ဒိုနီးရှားမှာ ငလျင်လှုပ်

အင်ဒိုနီးရှားမှာ ငလျင်လှုပ်

အင်ဒိုနီးရှား၊ ဇူလိုင်လကုန်နဲ့ ဩဂုတ်လဆန်းပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ၊ လွမ်ဘော့ကျွန်းမှာ ငလျင်ဆက်တိုက် လှုပ်ခတ်ခဲ့ရာ ၄၃၆ ဦးထက်မနည်း သေဆုံးကာ ၃၅၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပါတယ်။ ပြင်းအား ၇.၀ ရှိ ငလျင် လှုပ်ခတ်မှုကြောင့် အိမ်တွေ ပျက်စီးကာ ဒေါ်လာသန်းရာချီ ထိခိုက်ဆုံးရှုံးစေခဲ့ပါတယ်။

ဂျကာတာ ဌာနခွဲရုံး သတင်းပေးပို့ချက်အရ ကြေညာသူတချို့ရဲ့ အိမ်တွေ ပျက်စီးသွားပေမဲ့ ညီအစ်ကိုတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပါဘူး။ လွမ်ဘော့ကျွန်းက ကြေညာသူ ၄၀ ရှိတဲ့ တစ်ခုတည်းသောအသင်းတော် ဝတ်ပြုစည်းဝေးတဲ့ အဆောက်အဦ ပျက်စီးသွားပါတယ်။ ကယ်ဆယ်ရေး အကူအညီ လိုအပ်ချက်ကို အကဲဖြတ်ဖို့၊ အားပေးနှစ်သိမ့်ဖို့ ဘေးသင့်တဲ့ဒေသကို ဌာနခွဲရုံး ကိုယ်စားလှယ်တွေ သွားရောက်လေ့လာခဲ့ကြပါတယ်။

အခက်အခဲ ကြုံနေတဲ့ကာလမှာ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။ “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို” ယေဟောဝါ “နှစ်သိမ့်ပေးနိုင်တယ်” ဆိုတာ ယုံကြည်ကြပါတယ်။—၂ ကောရိန္သု ၁:၄